Part 57

2.6K 236 12
                                    

အိမ်ပြန်ချိန်သို့.....
_______________

လူအသွင်ပြောင်းပြီး ဝမ်ရိပေါ်က ရှောင်ကျန့်ဆီ တန်းသွားကာ ထူ မ ပေးလိုက်သည်။ ထို့နောက် မြေခွေး‌မရဲ့ တိုက်ခိုက်တာကို ရှောင်ဖို့ ရှောင်ကျန့် ခါးလေးကနေ ဆွဲမသွားကာ ကောင်းကင်ထက် ဓားပျံနဲ့ တက်သွားသည်။ပါးစပ်ကလည်း အဆင်ပြေလား တဖွဖွမေးရင်း

"ကိုယ် အဆင်ပြေတယ်။"

ဝမ်ချင်းရယ်နဲ့ လီရှင်းအာက ကြားကနေ မြေခွေးမကို ဝင်တိုက်ပေးသည်။

ပတ်ဝန်းကျင်က အခြေအနေကို ကြည့်ယုံနဲ့တင် ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်ရဲ့ မျက်နှာကို ရုပ်ဆိုးအကြည်းတန်စေသည်။

ကဍေနဲ့ ချီရှိခဲ့တဲ့ လူသားတေက သေဆုံးကာ ဖုတ်ကောင်တေ အဖြစ်ပြောင်းသွားပြီး အသတ်ရှင်ကျန်ရှိသူ ထောင်ဂဏန်းတောင်ရှိလေစ။ ထိုအသတ်ရှင်ကျန်သူများမှာလည်း တဖြုတ်ဖြုတ် သေဆုံးနေတာပါပဲ။
မိစ်ဆာစစ်သည်များကလည်း မရှိသလောက်နည်းသွားခဲ့ပြီ။

သို့ပေမဲ့ လူသားတေက မိစ်ဆာစစ်သူကြီးရဲ့ နောက်ကျောက ပင့်ကူလက်တေလို ဖြာထွက်နေတဲ့ မကောင်းဆိုးဝါးမိစ်ဆာဝိညာဉ်တေရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အပြင် မိုးရေများကြောင့် စိုစွတ်အပ်ကွဲနေတဲ့ မြေကြီးတေထဲကလည်း ရွံစရာ သတ္တဝါတေ များစွာထွက်လာသည်။

ထိုလူသတ်ကွင်းကြီးထဲမှာ ရှိတဲ့ လူများက အားမရှော့ တိုက်ခိုက်နေကြပေမဲ့လည်း တစ်ဖြေးဖြေးသေဆုံးကာ နည်းပါးလာသည်။ ဒါက တစ်ဖက်သက် သတ်ပွဲကြီးလိုမျိုး ဖြစ်နေတယ်။

ဝမ်ရိပေါ်က အခြေအနေကိုသုံးသက်ရင်း ဒီအချိန်မှာသာ သူရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းအားကို မဖွင့်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ဥပမာ မိစ်ဆာစစ်သူကြီး အာရုံများနေတဲ့ အချိန်ပေါ့

"မင်းတစ်ယောက်ထဲ လုပ်ခွင့်မပေးနိုင်ဖူး သိတယ်မလား ကိုယ်တို့ အတူလုပ်ရင် အမြဲအောင်မြင်မှာ"

ဝမ်ရိပေါ်က တွေဝေနေတယ်။ ဒါက သေလမ်းကို‌ လျှောက်လှမ်းနေသလိုပဲ ဒါပေမဲ့ သူတို့ရှိမှာ ရွေးချယ်စရာ မရှိခဲ့ဖူး။ တစ်ခုခုဖြစ်ခဲ့ရင်တောင် သူက ရှောင်ကျန့်ကို အထိအခိုက်ခံမှာ မဟုတ်ဖူး။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now