Part 36

3.4K 337 15
                                    

အရှက်ကြီးလှတဲ့ စစ်သူကြီးချုပ်နဲ့ ကြင်ယာတော်လေး
________________________________

နံနက်ဝေလီဝေလင်း အချိန် အိပ်ယာပေါ်မှာ မေ့‌မျှော်နေတဲ့ ရှောင်ကျန့်က အိမ်မက်တစ်ခုမက်လေတယ်။ သူ့ရဲ့ အိမ်မက်ထဲမှာ အရင်အချိန်က ငရဲလိုမျိုး ဆိုးဝါးတဲ့ နေရမျိုးမှာ ဖခင်က လေ့ကျင့်ပေးခဲ့တာတေ နေမကောင်း ဖြစ်နေတဲ့ သူရဲ့ အမေက တစ်ဖြည်းဖြည်းနဲ့ သူ့မျက်စိရှေ့မှာ သေဆုံးသွားခဲ့ပုံတေ။

"မား မား "

‌မြောက်တက်လာတဲ့ ရှောင်ကျန့်ရဲ့ လက်လေးက တစ်စုံတစ်ဦးရဲ့ ဆုပ်ကိုင်ခြင်းခံလိုက်ရတယ်။ နောက်တော့ ရေစိုနေတဲ့ အဝတ်လေးက ရှောင်ကျန့်ရဲ့ လက်ဖျားလေးတေကို သုတ်ပေးလေတယ်။ ချွေးထွက်နေတဲ့ နှဖူးလေးတေ ညင်သာစွာဖြင့် သုတ်ပေးလေတယ်။
နောက်တော့ ရေစိုဝတ်လေးကို ရေထက်စွတ်ကာ သေချာညှစ်ပြီး သူ့ရဲ့ နဖူးလေးကိုတင်ထားလေသည်။

"မား ...."

‌ဝမ်ရိပေါ်က ရှောင်ကျန့်ရောင်ရမ်းပြီး ရေရွတ်နေတာကို အနားကပ်ကာ နားထောင်ပြီး စိတ်မကောင်းဖြစ်ရတယ် သူက ရှောင်ကျန့်ရဲ့ လက်လေးဆုပ်ကိုင်ပြီး ငြိမ်ငြိမ်လေးထိုင်နေတယ် သူဟာ အခုအချိန်ထိ မအိပ်စက်ကသေးပဲ သူဝတ်ထားတဲ့ ညအိပ်ဝတ်စုံလေးတောင် ကောင်းစွာ မဝတ်နိုင်ဘဲ ရင်အုပ်ကျယ်ကျယ်နဲ့ ကြွတ်သားဘုထစ်တေက လစ်ဟာနေတယ်။

"ကျန့် ..."

မျက်လုံးလေးတေ လှုပ်ခတ်ကာ နိုးလာတဲ့ ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်က အသံတိုးတိုးလေးပေးတယ်

"ဝမ် လား ကိုယ့်ကို ရေလေးနည်းနည်းလောက်"

အက်ကွဲခြောက်သွေ့နေတဲ့ လည်ချောင်းကြောင့် ရှောင်ကျန့်က ရေတောင်းပေမယ့် ဝမ်ရိပေါ်က ကုတင်ရဲ့ဘေး စားပွဲရှည်ပေါ်မှာ တင်ထားတဲ့ ဆေးခါးကြီး တစ်ခွက်ကိုသာ ယူလာခဲ့လေတယ်

"ဒါလေးသောက်လိုက်နော်"

ဝမ်ရိပေါ်က သူ့ရဲ့နူးညံ့တဲ့ အသံလေးနဲ့ ဆိုလေတယ်

"အင်း"

ရှောင်ကျန့်က အိပ်ယာကနေ ထဖို့ပြင်ပေမဲ့ ဝမ်ရိပေါ်က တားလေတယ်

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now