Part 59

2.5K 222 10
                                    

တစ်ချို့သော ကျောခိုင်းခြင်းတေသည်.........
___________________________________

၃ရက်ကြာသွားသည့်တိုင် ရာထူးကြီးပိုင်းတေ အိပ်မရနိုင်လောက်အောင် အလုပ်ရှုပ်နေခဲ့သည်။ စစ်ပွဲကြီးက ပြီးဆုံးသွားခဲ့ပေမဲ့လည်း ပြည်သူတေကြားမှာ များစွာသော အကျိုးသက်ရောက်မှုတေဖြစ်ခဲ့သည်။

အင်ပါယာနန်းတော်မှာလည်း အခြေအနေမစွန်လှခဲ့။ ရာထူးအကြီးပိုင်းတေ အတော်များများနဲ့ တပ်သားငယ်လေးတေလည်း ကျဆုံးကုန်သည်။  စစ်သူကြီးချုပ်က နှစ်ရက်လောက်အပူတပင်း တာဝန်ထမ်းဆောင်ခဲ့ပြီး အိပ်ယာထဲမှာ ဘာရောဂါမှန်းမသိလဲနေလေပြီ။

ဧကရီမယ်မယ်ကြီးကလည်း နေမကောင်း

ဧကရာဇ်က သုံးရက်ကြာပြီးနောက်မှာ ပြန်လည်နိုးလာပြီး ဧကရာဇ်ဟောင်းကြီးနဲ့အတူ တာဝန်ထမ်းဆောင်နေလို့ တော်ရာကျမည်။

များပြားလွန်းတဲ့ ပြည်သူတေရဲ့ ဒုက္ခတေကို ဖြေရှင်းပေးရင်း ကျဆုံးသွားတဲ့ စစ်သည်တေရဲ့ ဝမ်းနည်းခြင်းအခန်းအနားတောင် မကျင်းပရသေးပေ။

**********

မီးခိုးတေ တစ်လူလူထွက်နေတဲ့ မီး‌ဖိုရှေ့မှာ ရှောင်ကျန့်ကိုယ်တိုင် ဆေးကျိုနေသည်။ သူ့မှာ တွေးရင်းငေးရင်းနဲ့ လမ်းပျောက်နေသူလို တစ်နေ့တစ်နေ့ အခြေအနေပိုစိုးလာတဲ့ ဝမ်ရိပေါ်အတွက် သူဘာများလုပ်ပေးနိုင်မလည်း စဉ်းစားမရခဲ့။ အခုဆိုရင် သူဟာ systemနဲ့ အဆက်အသွယ်ပျက်နေတာလည်း ကြာနေပြီ။

ကျိုထားတဲ့ ခပ်နွေးနွေး ခပ်ညစ်ညစ် ဆေးရေတေကို ခွက်တစ်ခုထဲ ပြောင်းထည့်ကာ ယူ‌သွားမလို့လုပ်ပြီးမှ သူတစ်ခု စဉ်းစားမိသွားသည်။

ဆေးခွက်လေးအသာပြန်ချရင်း ဓားနဲ့ လက်ကောက်ဝတ်ကို အနည်းငယ်လှီးဖြတ်လိုက်သည်။
ကျလာတဲ့သွေးကို ဆေးခွက်ထဲသို့ ဝင်စေသည်။နောက်တော့ သူက ဆေးခွက်ကို ယူကာ အိပ်ဆောင်ထဲသို့ ဦးတည်နေသည်။

ညင်သာစွာ ဖွင့်ဝင်သွားတဲ့ အိပ်ဆောင်တံခါးရဲ့ နောက်မှာ ကုတင်ထက် အိပ်မောကျနေသူကို တွေ့နိုင်သည်။

ထိုလူက ဝမ်ရိပေါ်ပင်။ သို့ပေမဲ့လည်း ဝမ်ရိပေါ်ရဲ့ မျက်နှာက သွေးမရှိသူလို ဖြူဖျော့နေပြီး အနီရောင်ဝတ်ရုံအောက် ထင်းထွက်နေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now