part 13

5.6K 544 12
                                    

( မထင်မှတ်ထားတဲ့ အနမ်းလေး )

ဇာတ်လိုက်ရဲ့ ညီမဖြစ်သူအား ကယ်တင်ပြီးတဲ့နေ့ကစပြီး
ရှောင်ကျန့် နေ့ရက်တေအေးချမ်းနေသည်။
နောက်ထက် ယွမ်ချင်မြို့ မှာဖွင့်မဲ့ဆိုင်ခွဲတွက် ကြိုးပန်းနေရသည်။
ကျိုးအမတ်လည်း အပြစ်ကင်းကြောင်း သက်သေအထောက်
အထားတေပေါ်လာအောင်ဇာတ်လိုက်ကူညီကာ ညီလာခံမှာ
ဖြေရှင်းပေးခဲ့သည်။ ကျိုးအမတ်လည်း ဒုအမတ်ချုပ်နေရာ
ပြန်ရကာ ကျိုးမိသားစု ပိုင်တဲ့ စားသောက်
ဆိုင်တေလည်း ရောင်းအား2ဆ ပိုတက်လာသည်။
နေ့နေ့ညည စားသူများ မလက် စည်ကားနေသည်။

ရီမြို့လယ်ခေါင်က စားသောက်ဆိုင်မှာ လိုအပ်တာတေ
လာပြနေသည် ဖြစ်သည်။

ထိုအချိန်မှာ မထင်မှတ်ထားတဲ့ လူတစ်ဦး ရောက်လာသည်။

"ကျိုးစစ်လန် ကို ခေါ်ပေးလို့ရမလား"

ဝမ်ရိပေါ် သူညီမအပြော နဲ့ ကျိုးစစ်လန် ရဲ့ ဒီ့ထက်ကျေးဇူးတင်စရာ ကိစ္စဆိုတဲ့ အကြောင်းကို နားလည်ခဲ့
ပြီ သူညီမလေး က သူ့ကိုကယ်ခဲ့တာ ဘယ်သူမှန်းမသိပေမဲ့
ပုံစံမှတ်မိနေသောကြောင့် ကျိုးစစ်လန်မှန်း သူသိခဲ့ရသည်။
ဘာကြောင့်ကယ်ခဲ့တာလဲ ? ဒီလူ ဘာလိုချင်တာလဲ?။

ဘာပဲဖြစ်ဖြစ် ဒီလူမှာကျေးဇူးရှိတာကြောင့် သူတောင်းဆိုထား
တဲ့ ကိစ္စကို လုပ်ပေးခဲ့သည်။
ဒီနေ့မှာတော့ သူဘာရည်ရွယ်ချက်ကြောင့်များ ဝမ်လီချင်း ကို
ကယ်ခဲ့ရသလဲ။ ဘာရည်ရွယ်ချက်လဲ။? ?
မေးရမည်။ ဘာမကောင်းတဲ့အစီစဉ်များရှိသလဲ အကဲခတ်
ကြည့်ရမည်။

ကျင်းဇူနဲ့ နန်းတော်ကနေ ရုပ်ဖြတ်ပြီး ဓားပြန်စီးကာ
ကျိုးအိမ်တော်ကို ထွတ်လာသည်။ ကျိုးစစ်လန် ကရှိမနေ
မေးမြန်းပြီးရှိတဲ့နေရာလိုက်လာသည်။

တစ်အောင့်အကြာ အတွင်းပိုင်းထဲက ထွတ်လာတဲ့ ကျိုးစစ်လန် ကအရင်နေ့ကတွေ့တဲ့ ပုံစံအတိုင်း သို့ပေမယ့် ချွေးတေတော့တော်တော်ထွတ်နေသည်။

"မင်းဘဲ "

"အင်း"

"လိုက်ခဲ့ သီသန့်ခန်းထဲသွားကြတာပေါ့"

အသံတိတ်ကာ လိုက်သွားသည်။ ဒါပေမယ့်
ကျင်းဇူး အတွေးထဲမှာဘာကြောင့်များ ဒီလူနဲ့ လာတွေ့ရသလဲ
စစ်သူကြီးချုပ် ကိုတောင်ရိုသေရမှန်းမသိဖူးလား
အတွင်းခန်းထဲရောက်တော့ အရှင်ကို အန္တရာယ် ပေးမှာ
ဆိုးသည့်အတွက် လိုက်ဝင်သွားပြီး အပေါက်ဝလေးမှာဘဲ
မတ်တပ်ရပ်ရုံသာ

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now