Part 40

3K 293 1
                                    

ကျိုးမိသားစုရဲ့ မျော်လင့်ချက် အလင်းရောင်လေး
~~~~~~~~~~~~~~~~~~~~~~~~~~~

နေ့လည်ခင်းကြီး ကျိုးအိမ်တော်ဟာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ကျိုးအိမ်တော်အတွင်း အကျယ်ချုပ် ကြနေတယ်ဆိုတဲ့ ကျိုးမိသားစုဝင်တေ မရှိသည့်အလား အရာအားလုံးတိတ်ဆိတ်နေသည်။
သို့ပေမဲ့လည်း ကျိုးအိမ်တော်ကို စောင့်ကြပ်နေတဲ့ အစောင့်တေဟာဆိုရင်တော့ နောက်ဘက်မှာ အတုံးအရှုံးနဲ့ သေနေကြတယ်။ တောင်ကုန်းလေးပေါ်မှာ ရှိတဲ့ အေးချမ်းတဲ့ ကျိုးအိမ်တော် ပတ်ဝန်းကျင်တစ်ဝိုက် အိမ်ခြေတေက အတော်ကို အလှမ်းဝေးလှသည်။ ကျိုးအိမ်တော် အခြေအနေကို သတိထားမိပုံမရပါ။

ကျိုးအိမ်တော်ရဲ့ အိမ်တော်သခင်အခန်းမှာ ကျိုးအမတ်ရယ် ကျိုးကတော်ရယ်ကို ကြိုးတုတ်ထားပြီး ကျိုးအိမ်ရဲ့းအိပ်ခန်းကျယ်နှစ်ခုစီထဲမှာလည်း ကျိုးရှမီအမေရယ် နောက်အခန်းမှာလည်း ကျိုးဝေရှစ်ရယ် ကို လှုပ်မရအောင်ကြိုးတုတ်ထားခဲ့သည်။

ဧည့်ခန်းတစ်နေရာမှာလည်း ကျိုးရှမီရယ် လင်းရီရယ် လီယောင်းရယ်ကို တိုင်မှာ နည်းနည်းလေးမှ လှုပ်မရအောင် ကျိုးတုတ်ထားသည်။ ကျိုးရှမီကတော့ ကြောက်လွန်းလို့ တုန်ရီနေသည်။ သူတို့ဘယ်အချိန်ထိ ဒီလိုရှိနေအုံးမှာလည်း နောက်ဆုံးမျှော်လင့်မိတာ ကျန့်ကောကို အဆင်မှပြေပါ့မလား ဘယ်တေများ ရောက်နေလည်း သူမ စိတ်ပူမိသေးတာ

‌အိမ်တော်ရဲ့ သစ္စာရှိမခွဲမခွါလူတေကတော့ ဒါတေပါပဲ အစေခံတေအားလုံး စွန့်ခွါသွားကြပြီး သူမတို့ အဒေါ်တေကလည်း စားသောက်ဆိုင်တေမှာသာ နေထိုင်တဲ့ အတွက် ဒီအရေးမှာ သူမတို့ လွတ်မြောက်ခဲ့တယ်။

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို တဝုန်းဝုန်း လောင်ကြွမ်းနေတဲ့ မီးစာတေက အသံပြုသည်။ လီယောင်းတို့က လွတ်မြောက်ရန် အသည်းအသန် ရှုံးကန်ရင်း နည်းလမ်းရှာသည်။ သူတို့သခင်ကို ကယ်ရအုံးမယ် မဟုတ်ပါလား

ရှိမီ ငိုပဲ ငိုနေမိသည်။ သူမသိတယ် ဒီအခြေအနေက သူမတို့ မလွတ်မြောက်နိုင်တော့ သိပ်ကြောက်ဖို့ ကောင်းတဲ့ မီးတောက်တေက သူတို့ကို ဝါးမြိုသွားတော့မှာ

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now