Part 51

2.7K 241 2
                                    

နတ်မြေခွေးမ ဟွမ့်အကြောင်း
________________

မနက် ၁ခွဲနာရီလောက်အချိန်မှာ ကျယ်ဝန်းထဲ ကုတင်ထက် အိပ်နေတဲ့ ကောင်လေးနှစ်ဦး ပြောရမယ်ဆို တစ်ဦးကတော့ အိပ်မနေပါဖူး။

အိပ်မောကျနေတဲ့ ဆံနွယ်ဖြူတေနဲ့ ကောင်လေးကို ကုတင်ထက် ကိုယ်တစ်ခြမ်းဆောင်းကာ မေးထောက်ပြီး တစ်စိမ့်စိမ့်ကြည့်နေတဲ့ ဝမ်ရိပေါ်။

ပင်ပန်းထားမှုကြောင့် မျက်နှာတေ ချောင်ကျနေပေမဲ့ ဝမ်ရိပေါ် အိပ်မရလေဖူး။ သူ့ရင်ထဲက ပူလောင်မှုတေကို အေးချမ်းတဲ့ မျက်နှာလေးကြည့်ကာ ဖြေဖျောက်နေမိတယ်။

ဝမ်ရိပေါ်ရဲ့ လက်တေက အိပ်နေသူရဲ့ မျက်နှာအစိပ်အပိုင်းတေ။ထိကြည့်နေမိတယ်။
သူသိနေတယ်။ ဒီစစ်ပွဲက သူ့ရဲ့ အဆုံးသတ်လည်း ဖြစ်ချင်ဖြစ်နေမှာ သူဟာ အရင်က လောကကြီးမှာ ရှင်သန်နေရတာ ပျော်ရွှင်မှုအဓိပ္ပာယ်မရှိဖူး ထင်ခဲ့တာ။
အခုတော့ သူဆက်လက်ရှင်သန်ချင်နေတုန်းပဲ
သူဟာ လူတစ်ယောက်ရဲ့ အနားမှာ နေဝင်ချိန်ထိ ရှိနေချင်သေးတယ်။ ထိုလူရဲ့ အိုမင်းသွားပုံလေးကို ကြည့်ချင်သေးတယ်။

ထက်ပြီး အရင်ဘဝက မြင်ကွင်းမျိုး သူမမြင်နိုင်တော့ဖူး။ သူရှေ့မှာ သူရင်းနှီးတဲ့ သူတေ သေဆုံးတဲ့ မြင်ကွင်းမျိုး

အတွေးတေနဲ့ ပင်ပန်းလာတဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်ကို တင်းတင်းပွေ့ဖက်လိုက်မိတယ်။ အအိပ်ဆတ်တဲ့ ရှောင်ကျန့်က နိုးလာခဲ့ပြီ။

"ဝမ် "

"ဟင်"

ခပ်တိုးတိုးခေါ်သံကို ခပ်တိုးတိုးပဲ ပြန်ထူးသည်။ထိုနောက် ခပ်တင်းတင်းဖက်ထားတဲ့ ဝမ်ရိပေါ်ရဲ့ ဆံနွယ်လေးတေကို ဖွဖွလေးပွတ်ကာ

"အိပ်မပျော်တာလား ဒါမှမဟုတ်မအိပ်ရသေးတာလားဟင်"

ရှောင်ကျန့်က မေးတော့ ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့ မျက်နှာလေးကို စိုက်ကြည့်လာသည်။ ရှောင်ကျန့်ရဲ့ မျက်လုံးထဲမှာ ဝမ်ရိပေါ်ရဲ့ ပူပန်နေတဲ့ မျက်နှာလေးကို မြင်ရတဲ့ အခါ ရှောင်ကျန့်ရဲ့ လက်ချောင်းသွယ်သွယ်က အနည်းငယ် အုပ်မိုးထားတဲ့ ဝမ်ရိပေါ်ရဲ့ ပါးလေးကို ပွတ်သပ်ကာ ပူပန်မှုပြေပျောက်စေသည်။ သို့ပေမဲ့လည်း ဝမ်ရိပေါ်က ပူပန်မြဲပါပဲ

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now