Part 62

3.2K 267 5
                                    

System ပေါက်စ
————————————

သုံးရက်တိုင်တိုင် ဆွဲကိုင်ထားတဲ့ မျှော်လင့်ခြင်း ကြိုးမျှင်လေးက သေသည်အထိ ဝမ်ရိပေါ် လက်လွှတ်မည် မဟုတ်ပါဖူး

ဝမ်အင်ပါယာက စစ်သူကြီးချုပ်ရဲ့ အဆောင်တော်ကို မည်သူတစ်ဦးတစ်ယောက်မှ လာခွင့်မရှိ လွန်ခဲ့သော သုံးရက်က ကြင်ယာတော်ကို ပိုက်ကာ ပြန်ရောက်လာတဲ့ စစ်သူကြီးချုပ်က သူ၏ အဆောင်တော်က အစေခံတေ အကုန်လုံး နှင်လွှတ်ပစ်သည်။

ဝမ်မိသားစုကတော့ အမြဲရောက်တာ တတ်သည်။ သူတို့က ဝမ်ရိပေါ်ကို မည်သို့ နစ်သိပ်မှုမျိုး ပေးရမည်မသိ။ လီချင်းလေးကတော့ သူ၏ အကိုတော်နား အပူတပင်းရှိနေတတ်သည်။

ကျိုးအိမ်တော်ကလည်း ကြားရတဲ့ သတင်းကို မယုံနိုင် ကျိုးစစ်လန်ကို တွေ့ချင်ပေမဲ့ စစ်သူကြီးချုပ်က တွေ့ခွင့်မပေးခဲ့ဖူး။

ဝမ်ရိပေါ်က သူတို့နှစ်ဦး၏ ကုတင်ပေါ်မှာ ကျိုးစစ်လန်ရဲ့ ခန္ဓာကိုယ်ကို တင်ထားပြီး ရှောင်ကျန့် ပြန်ရောက်လာမည့် အချိန်ကို မပျက်စောင့်ကြည့်နေသည်။ သူဟာ ပထမရက်က တစ်ရက်လုံး အိပ်သည်။ သို့ပေမဲ့ နိုးထလာတဲ့ အခါ အိမ်မက်မဟုတ်ခဲ့ဖူး

ထို့ကြောင့် သူက အချိန်တိုင်း မျက်ခြေမပျက် ကြည်တောက်တောက် မျက်ဝန်းလေး လှုပ်ခပ် လာမဲ့ အချိန်သာ စောင့်နေသည်။ အစားမစား ရေမသောက် တစက်မှ မအိပ်ခဲ့

"ကိုယ်တော့် ရှိပြန်လာပေးပါ ကိုယ်တော်က ကျန့်မရှိရင် မဖြစ်ဖူးလို့ ပြောခဲ့တယ်လေ"

ကုတင်ဘေးက ခုံရှည်လေးမှာ ထိုင်နေတဲ့ ဝမ်ရိပေါ်က ကုတင်ပေါ်က အိပ်နေသည်အလား အသက်မဲ့သည့် ခန္ဓာကို ကြည့်ကာ စကားများ ရေရွတ်နေခဲ့သည်။

"သိလား ကျန့်ပြန်လာရင် မြို့ထဲက ဈေးမှာလည်း လျှောက်လည်ကြမယ်။ ကျန့် မရောက်ဖူးသေးတဲ့ လှပတဲ့ တောင်ပေါ်ဒေသတေကိုလည်း လိုက်ပို့ပေးမယ်
ဒါ့ကြောင့်မို့ ပြန်လာခဲ့ပါ ကိုယ်တော်က ကျန့် မလာမခြင်း စောင့်နေမှာမို့"

ဝမ်ရိပေါ်ရဲ့ မျက်လုံးတေက အသက်မပါပဲ စကားလုံးတေကို ရေရွတ်နေသည်။ သူမည်မျှပြောနေပါစေ တစ်ယောက်သော သူက ပြန်မလာခဲ့ သူ၏ နှလုံးသားထဲ နာကျင်လွန်းလို့ အရာအားလုံးကိုတောင် ဖျတ်ဆီးပြစ်ချင်မိတယ်။ သို့ပေမဲ့ သူက ရူးမိုက်တဲ့ အလုပ်မျိုးကိုတော့ လုပ်မည်မဟုတ်ပါဖူး

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Donde viven las historias. Descúbrelo ahora