Part 14

5.7K 508 6
                                    

( ကြင်ယာတော် တော်ကောက်တော့မည်တဲ့ )

---------

"အလုပ်တေ ခနထားပြီး ဒီဆေးလေးလာသောက်ပါအုံး"

ဧကရာဇ် စာကြည့်ဆောင်ထဲမှာ ပေလွှာစာရွတ်တေကြား
ခေါင်းစိုက်နေတဲ့ ဝမ်ရိရှင်းကို သူရဲ့အနီးကပ် ကိုရန်တော်လေးက ဆေးတိုက်နေခြင်း

"ဘာဆေးလဲ ငါအကောင်းကြီးပါ"

"လန်ဟွေ့ တောင်ပေါ်က နေတောင်းလာတဲ့ အကြောပြေဆေးတေလေ မင်းကအချိန်ပြည့် အလုပ်ပဲ
အာယုံစိုက်နေတာ တစ်ခါတစ်လေကြ အကြောတေအရမ်း
တက်တယ်မလား ဒါကြောင့် ငါ လိမ်းဆေးကော
သောက်ဆေးလေးပါ ဆရာကြီးစီမှာ တောင်းဝယ်လာတာ"

လန်ဟွေ့တောင်က ပညာသင်ပြရာမှာတင် တော်လွန်း
ကောင်းလွန်းသည်မဟုတ် တောင်ပေါ်မှာ ဆေးပင်တေပေါ
ပြီး လန်ဆရာကြီးကလည်း ဆေးဖော်ရာမှာ တော်သည်လေ

"အာ..ဒါနဲ့ ငယ်လေးရော"

ဝမ်ရိရှင်းက ဆေးခွက်လေးကိုသေချာသောက်ပြီး သူ့စားပွဲရှေ့မှာ ပေလွှာလေးတေပြန်ထပ်နေတဲ့ လူကို
မေးလိုက်တယ်။

"မနက်ကတော့ အရှင်ဝမ်နဲ့ အတူရှိနေတာပဲ"

သူအဖြေကို ဝမ်ရိရှင်း မကြေနပ်တာကိုလည်းသိရော

"မနက်ကဆိုတာ တော်တော်ကြာပြီ ခုနေ့လည်တောင်ရှိနေပြီ
ဒီအချိန်ဆို အရှင်ဝမ်က သူ့နန်းဆောင်မှာရှိမယ်မထင်ဖူး
ပြီးတော့ စစ်သူကြီးချုပ် ကလည်းအပြင်ထွက်သွားတာ
ပြန်မလာသေးဘူး ထင်တယ် မင်းသမီးလေး
တစ်ယောက်ထဲပျင်းနေရှာမှာ မင်းသွားချင်ရင် သွားပါ
ဒါတေမင်းအစား ငါလုပ်ပေးပါ့မယ်"

ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ပြီးပြောနေတဲ့ ကိုရန်တော် သူငယ်ချင်းလေး ထန်ရင်က သူ့အပေါ် တစ်ကယ်ကောင်း
လွန်းပါတယ်

"ကောင်းပြီ ငါခနနေ ပြန်လာပါ့မယ်"

ကျောခိုင်းကာ ထွက်သွားတဲ့ ဝမ်ရိရှင်း ရဲ့ ကျောပြင်လေးကို
စာကြည့်ဆောင်ကြီးရဲ့ ကြီးမားလှတဲ့ ကျောက်နံရံကြီးတေ ကွယ်သွားတဲ့အထိလိုက်ကြည့်နေမိသည်။
ထို့နောက် ပေလွှာစာရွတ်တေ ထိုင်ဖတ်နေတယ်။
ပြီးရင် ဝမ်ရိရှင်းကို ပြန်ပြောပြရမယ်လေ

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now