Part 26

3.9K 362 4
                                    

ဝမ်ရိပေါ်ရဲ့ အဆောင်ပြန် လမ်းက အနည်းငယ်မှောင်နေပြီ
မနက်စာ စားချိန်နဲ့ ညအချိန်မှ တွေ့ဖြစ်တဲ့ ရှောင်ကျန့်နဲ့ မျက်နှာချင်းမဆုံမိအောင် ရှောင်နေသည်မှာ မီးထွန်းပွဲတော် နောက်ဆုံးညထဲကပင်။

ဘယ်လိုပဲ ရှောင်နေတယ် ပြောပါစေ နောက်နေ့ညနေ စစ်ထွက်ကတော့မည် ဖြစ်တဲ့အတွက် ရှောင်ကျန့်ကို သေချာပေါက်နှုတ်ဆတ်ကမည်။ သူမရှိချိန် ကျိုးမိသားစုရှိ သွားနေချင်ရင်လည်း ခွင့်ပြုပေးရမည်။သို့ပေမဲ့ ဘာကြောင့်များ ‌ဝမ်းနည်းသလို ခံစားနေရမှန်းသူမသိ။

အဆောင်မှာ မရှိတဲ့ ရှောင်ကျန့်ကြောင့် မက်မွန်းဥယျာဉ်ထဲမှာ ရှောင်ကျန့်ရဲ့ အနံ့ကို ခံကာ ရှာခဲ့သည်။ သူက အမြဲပျောက်ရင် ဥယျာဉ်ထဲပဲ ရောက်နေတတ်တာဖြစ်သည်။

မက်မွန်းပင်ကြီးတစ်ပင်၌ ဝိညာဉ်လွင့်နေတဲ့ ခန္ဓာအလွတ်ကြောင့် သူ့ရင်ထိပ်မိသည်။ ဒီနည်းက ဘယ်လောက်အန္တရယ်များလည်း မသိလေရော့လား။

"ရောက်နေရင် အသံပေးရောပေါ့ ဟူး ...."

"ဘာလို့ ဒီကျင့်စဉ်ကို ကျင့်ပြီး အဲ့ကိုသွားရတာလဲ လိမ်ဖို့မကြိုးစားနဲ့ မင်းရဲ့ ဝိညာဉ်ကို ‌ကိုယ်တော်ခံစားမိတယ်"

ထိုညထဲက သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်က ချိတ်ဆတ်ပြီးသားပင် ရှောင့်ကျန့်ဘယ်ပဲ ရောက်ရောက်သူက သိနိုင်သည်။ အတိအကျကြီး မဟုတ်ရင်တောင်မှပေါ့

"သိပ်အရေးကြီးတဲ့ ကိစ္စကြောင့်ပေါ့"

"မင်းဘာတေ ကြံဆီနေတာလဲ ရှောင်ကျန့် ဘာက မင်းအတွက်အရေးပါနေလို့ ကိုယ့်တော်ကို သစ္စာဖောက်ဖို့ကြိုးစားနေတာလဲ"

သူ့ခံစားနေမိတယ်။ ဒီလူက သူ့အပေါ် သစ္စဖောက်မဲ့သူ မဟုတ်ဖူးဆိုတာ ဒါပေမဲ့ သူက ခံစားချက်အလိုက်ရူးမိုက်မဲ့ သူမဟုတ်ပါဖူး။ ဒီလူကကော ဘယ်လိုယုံရမည်လဲ။?
သူတို့ရန်ဘက် ချန်အင်ပါယာထိကို ဝိညာဉ်လွင့်ခဲ့သည်ဆိုတော့ ဘယ်အရာကများ အဲ့လောက်အရေးပါနေသနည်း???

"အင်း ကိုယ့်အတွက်မဟုတ်ဖူး တစ်စုံတစ်ယောက်အတွက် သိပ်အရေးပါလို့ပေါ့ ကိုယ်က ဒီအတိုင်းလေး ကူညီပေးချင်လို့ပါ"

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now