Part 22

4.4K 404 5
                                    

သိပ်လှတဲ့ ပန်းဥယျာဉ်ကြီးထဲမှာ လူအများ စည်ကားနေသည်။ ဥယျာဉ်ကျယ်ကြီးထဲ ကွင်းကြီးတစ်ခုလုပ်ထားသည်။
ထိုကွင်းရဲ့ အမြင့်ဆုံးနေရာမှာ ဝမ်ဧကရာဇ်ရဲ့ ပုလ္လင်တစ်ခုကနေရာယူထားသည်။ ပုလ္လင်ရဲ့ရှေ့ စားသောက်ဖွယ်ရာ မုန့်မျိုးစုံလဲ ရှိနေသည်။ ထိုအနားကို ထန်ရင်မှ လွဲ၍ မည်သူမှ ကပ်ခြင်းမရှိ။

ဧကရာဇ်ပုလ္လင်ရဲ့လေး ဝမ်ချင်းရယ်ရဲ့ ခုံနဲ့ ထိုအောက် တစ်ဆင့်တွင် ဝမ်စစ်သူကြီးရဲ့ နှစ်ယောက်ထိုင် ပုလ္လင်တစ်ခုရှိသည်။ဘေးတွင် အင်ပါယာ မင်းသမီး ရဲ ပုလ္လင် ရှိသည်။ အောက်အဆင့်မှာတော့ ဒုစစ်သူကြီးနဲ့ ဦးရီးတော်ရယ် မယ်တော်ကြီးရယ် ပုလ္လင်ရယ် ရှိသည်။

ထိုအောက်အဆင့်မှာတော့ နိုင်ငံအသီးသီးက ဘုရင်များရဲ့ ပုလ္လင်များရှိသည်။ဘုရင်များရဲ့ အောက်အဆင့်မှာ အင်ပါယာ မူးမတ်များစွာနဲ့ သူတို့၏ မိသားစု စားပွဲများ ခင်းထားသည်။
ဥယျာထဲတွင် ပြည်သူများ လှည့်လည်သွားနေကြပြီး ဂီတ ဖျော်ဖြေလိုသူများနဲ့ ပြိုင်ပွဲဝင်လိုသူများလည်း ကွင်းပြင်ဘေးတွင် အသင့်ပြင်ဆင်နေကြသည်။

စုံလင်နေတဲ့လူတေကြား ဝမ်ချင်းရယ်နဲ့ ဝမ်လီချင်းက ဝင်လာပြီး သူတို့နောက်မှာ ဒုစစ်သူကြီး ပါလာသည်။ သူတို့ဟာ ပုံမှန်ထက်ပိုပြီး တင့်တယ်ကာ ကြည့်ကောင်းလွန်း နေတာပေါ့ ။ ဝမ်ချင်းရယ်က ရွှေရောင် ကြာပန်းတေပါတဲ့ ဝတ်ဆုံကို ဝတ်ဆင်ထားသည်။ ကိုယ်ရောင် ကိုယ်ဝါတေ တောက်ပ နေသလိုပင်။ဝမ်လီချင်းက ချယ်ရီရောင် ဝတ်စုံနဲ့ ချယ်ရီပန်းပွင့်လေးတေနဲ့ လှပလွန်းပြီ အဖြူရောင် ဆံနွယ်တေကို ထိပ်မှာ နှစ်ဖက်ခွဲထုံးထားပြီး တစ်ဝက်ကို ချထားသည်။သူမရဲ့ ဆံနွယ်မှာ ချယ်ရီရောင် အလှကြိုးလေး လေးများတတ်ဆင်ထားသည်။

ဆောင်းယွီ ရဲ့ မျက်နှာဖုံးမပါတဲ့ မျက်နှာလေးကို လူတေက ငေးမောနေကြသည်။ ဆောင်းယွီဟာ လီချင်းရဲ့ တိုက်တွန်းမှုကြောင့် လှပတဲ့ အပြာရောင် ပိုးထည်လေး ကို ဝတ်ဆင်ထားတဲ့ ဆောင်းယွီက အေးချမ်းစွာ လှပ‌နေသည်။လီချင်းရဲ့ မျက်နှာမှာ ကျေနပ်မှု အပြည့်နဲ့ သူ့ရဲ့ ကျဲကျဲက သူ့ကို သိပ်အရေးပေးတာတဲ့လေ။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now