Part 48

3.1K 260 4
                                    

လှပလွန်းတဲ့ မက်မွန်းဥယျာဉ်ကြီးထဲ မက်မွန်းပင်ကြီးအောက်မှာ လုပ်ထားတဲ့ နှစ်ယောက်ထိုင် ခုံလေးပေါ်မှာ ရှောင်ကျန့်က ထိုင်နေပြီး အောက်မှာ ထိုင်နေတဲ့ ရှမီက ရှောင်ကျန့် ဒူးပေါ် မျက်နှာလေး အပ်ထားသည်။ ရှောင်ကျန့်က သူမခေါင်းလေးကို ပွတ်သပ်ပေးသည်။

သူတို့နှစ်ယောက်ရဲ့ ရှေ့မှာ မတ်တပ်ရပ်နေတဲ့ လင်းရီနဲ့ လီယောင်း ညီအကို

ကျိုးအိမ်တော်က အရင်နေရာလေးမှာပဲ အရင်အတိုင်း ပြန်ဆောက်နေတဲ့ အတောအတွင်း ကျိုးမိသားစုက နန်းတော်မှာ နေခွင့်ရသည်။

"ညီမလေးတို့ အိမ်ပြန်ရတော့မယ်လေ အရင်လို ကောင်းကောင်း မွန်မွန်ပြန်နေနော်"

"ဒါပေမဲ့လည်း မားမားက မရှိတော့ဖူးလေ ကျန့်ကော"

ရှောင်ကျန့်က သက်ပြင်းလေးသာသာချတယ် ဒီအရမ်းဝမ်းနည်းနေတဲ့ ကောင်မလေးကို လီယောင်းတို့ညီအကိုလည်း အကျင်းထဲရှိနေထဲက ချော့နေတာပါလေ

"ရှမီ အခုချိန်ဆို ရှမီရဲ့ မိခင်က ညီမလေးကို ကောင်းကင်ဘုံကနေ ကြည့်နေမှာလေ ညီမလေး ဝမ်းနည်းနေတာမြင်ရင် သူမလည်း ဘယ်လိုလုပ်ပျော်နိုင်မှာလည်း"

ထိုအခါမှာ ကျိုးရှမီက မယုံသင်ကာနဲ့ မော့ကြည့်သည်။

"ဟုတ်လို့လား"

ရှောင်ကျန့်က ပြုံးပြုံးလေး ကြည့်ပြီး

"လူတေ သေဆုံးသွားရင် ကောင်းကင်ပေါ်မှာ ကြယ်လှလှလေးတေဖြစ်သွားမှာ ညီမ‌လေးရဲ့ မားက ကြယ်လေးဖြစ်နေပြီး ညီမလေးကို ကြည့်နေမှာလေ"

"ဟင်"

ကျိုးရှမီက ‌နေ့လည်ခင်း ကောင်းကင်ကို မော့ကြည့်နေသည်။

"မရှိဖူးလေ ကြယ်က"

"ညဘက်မှ ရှိမှာပေါ့ကွာ ညကြရင် ကောင်းကင်ပေါ်က ကြယ်လေးတေကို ကြည့်ပြီး ညီမလေးမားမားကို နှုတ်ဆတ်စကားပြောရင် သူမ ကြားရနိုင်တယ်လေ"

ထိုအချိန်မှာပင် လင်းရီက ကျိုးရှမီကို လက်ကုတ်ပြီး နောက်ကို မျက်စပြစ်ပြသည်။ ရှောင်ကျန့်ရဲ့ နောက်မှာ မတ်တပ်ရပ်နေတဲ့ ဝမ်စစ်သူကြီးချုပ်ပါလေ သူတို့ကို မျက်မှောင်ကြီးကုတ်ပြီး ကြည့်နေသေးတယ်။
တကယ်ပါ စစ်သူကြီးချုပ်က ကြောက်ဖို့ ကောင်းပါတယ်။ သူမက မြန်မြန်ပဲ လီယောင်းတို့ နားလေးသွားရပ်နေတယ်

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now