Part 58

2.5K 217 5
                                    

Part 58

ခွဲခွါခြင်းတေ စတင်လေပြီ 💔
__________________

စတင်ထွက်လာတဲ့ နေရောင်ချည် နွေးနွေးအောက် ဝမ်အင်ပါယာနန်းတော်က လူတေ ပြားပန်းခတ်လောက်အောင် အလုပ်ရှုပ်နေကြသည်။

အင်ပါယာနဲ့ အနီးဆုံး ရီမြို့ကတော့ တိတ်ဆိတ်လို့နေတယ်။ ကောင်းကင်ယံမှာ ပျံသန်းပြီး အိမ်ပျံခရီးကို နှင်နေတဲ့ အဖြူရောင်လိပ်ပြာငယ်လေးတေလည်း ရှိလေသည်။

မြို့တေတိုင်း တိုင်းပြည်တေတိုင်းကလည်း အရင်လို စည်ကားခြင်းမရှိပဲ တိတ်ဆိတ်လို့ လူတိုင်းက သူတို့မျှော်လင့်နေသူများ အိမ်ပြန်ချိန်မှာ ပြန်ရောက်လာဖို့ နတ်ဘုရားတေရှိမှာ တောင်းဆုပြုကြသတဲ့။

ကျိုးအိမ်တော်က လူတေလည်း ပါဝင်လေတယ်။ ကျိုးအိမ်တော်ကို အဖြူရောင်လိပ်ပြာငယ်လေး တစ်ကောင်ဝေ့ဝဲလာတယ်။ သာမန် လိပ်ပြာလေးရယ်လို့ပဲ သိထင်မိကြတာပေါ့။ ထိုလိပ်ပြာငယ်လေးက အနည်းငယ် သေးတဲ့ နှစ်ဆောင်တွဲလေးထဲက တစ်ခန်းသို့ ‌ဝင်ရောက်လာတယ်။

အထဲက ငယ်ရွယ်တဲ့ ကောင်လေးက နှင်းဆီပန်းနီအိုးလေးကို တရုတရပျိုးနေသတဲ့။ သူ၏ မျက်နှာကတော့ ပြုံးပျော်လို့။

သူ့အတွေးထဲမှာ ရှိနေတာက သူ၏ ကောင်မလေးက အရမ်းတော်တာ ။ သူမက သူရှိကို ကောင်းကောင်း ပြန်လာမည်။
သူယုံကြည်နေတာပေါ့။

ထိုလူငယ်လေးအပေါ်ကို အဖြူရောင် လိပ်ပြာငယ်လေး တစ်ကောင်လာနားသည်။

"အိုး ချစ်စရာကောင်းတဲ့ လိပ်ပြာလေးရေ မင်းကြည့် ဒါကို သူမ သဘောကျလောက်မှာပါ"

သူဟာ သူရဲ့ လက်ထဲက နှင်းဆီနီပန်းအိုးလေးကို ကိုင်ကာ တစ်ယောက်ထဲ ပြောနေသည်။ လိပ်ပြာ ဖြူလေးကတော့ အတောင်ပံ တဖျက်ဖျက်ခပ်လို့

တစ်ချို့သော မျှော်လင့်ချက်တေက တစ်စစီချိုးဖြတ်ခံရစမြဲပါပဲ

အဖြူရောင်လိပ်ပြာငယ်လေးက လီယောင်းရဲ့ နှုတ်ခမ်းထက်မှာ နားသည်။ ထို့နောက် သူကြားနိုင်တဲ့ ရင်းနှီပြီးသားအသံလေး သူကို နောက်ဆုံးနှုတ်ဆတ် အမှာစကား ပြောကြားခဲ့သည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Où les histoires vivent. Découvrez maintenant