Part 44

3K 250 0
                                    

ဝမ်အင်ပါယာအတွင်း သစ္စာဖောက် ???
________________________

အတွေးလွန်နေတဲ့ ဝမ်ရိပေါ်က အရပ်သားတေကို ကူညီနိုင်ရန် သူရဲ့ လွှတ်ဝှက်တပ်သားတေကို စီမန်ခန့်ခွဲနေရာ စိတ်လွင့်လွင့် သွားသည်။

သူသိချင်တယ်။ တစ်ချိန် ခမည်းတော်တုန်းကလည်း ငယ်ငယ် ရွယ်ရွယ်နဲ့ ပုန်ကန်သူတေကို အပြက်ရှင်းနိုင်ခဲ့သလို သူ့ရဲ့ အကိုတော်ကလည်း အင်ပါယာ နန်းတွင်းကို သစ္စာမဖောက် နိုင်လောက်အောင် သေချာကိုင်တွယ်နိုင်သည်။ ပြီးတော့ ဒီအင်ပါယာမှာ တော်လွန်းတဲ့ သူတင်မကပဲ ဒုစစ်သူကြီးနဲ့ အသက်နဲ့လဲပြီး သစ္စာစောင့်သိတဲ့ အရာရှိတေ ၊ အမတ်တေ ၊ ကိုရံတော် တပ်သားတေ အားလုံးကလည်း စွမ်းအင် အပြည့်နဲ့ ဒီလိုကြားထဲကမှ သစ္စာဖောက်က သေချာပေါက် ယုံကြည်ရတဲ့ အတွင်းလူပဲ ဖြစ်မည်။

ဒါက မည်သူများလည်း ? အဘယ်ကြောင့်များ ဒီအကြောင်းကို အရက်ဘဝတုန်းက မသိခဲ့ရတာလည်း ?
ကျန့် ကတော့ မည်သူမှန်းသိနေတဲ့ အပြင် ထိုလူဘက်က အစီစဉ်တေပါ သိနေခဲ့သည်။ ကျန့်က ထိုသူကို သိရဲ့နဲ့ သူ့ကို အသိမပေးခဲ့ပဲ သစ္စာဖောက်ကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုသာ အကြံဉာဏ်သာပေးခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်ကလူက သူမစုံစမ်းနိုင်လောင်အောင်ပိရိ‌နေတော့ ဘယ်သူများလည်း သူသိချင်မိပြန်တယ်။

"အရှင် မြောက်ပိုင်းကို ကျမ ကိုယ်တိုင်သွားလိုက်ပါ့မယ်။"

ဝမ်ရိပေါ် ရှေ့မှာ ရှိနေသူက ဖန်းရင်းဟွာ သူမက ဘာအပြင်အဆင်မှ မရှိပဲ လက်နှက်ကိုင်ကာ ရဲရင့်တဲ့ မိန်းကလေး တစ်ဦးအသွင်

"မင်း ကိုယ်တိုင် မသွားလည်း ဖြစ်ပါတယ်။ မင်းက ကျိုးအိမ်တော်ရဲ့ အမှု့ကိုပဲ တိတ်တဆိတ် စုံစမ်းပေးပါ ဟိုအမွှာညီအကို ကိုပဲ သွားခွင့်ပြုလိုက်"

ဖန်းရင်းဟွာရဲ့ အနောက်မှာ ခပ်ရို့ရို့ ရပ်နေတဲ့ လူ၅ဦးလောက်ရှိတဲ့ အရိပ်တပ်ဖွဲထဲက အမွှာကောင်လေး နှစ်ဦးကို ဝမ်ရိပေါ်က မြောက်ပိုင်းမှာ ဖြစ်နေတဲ့ မိစ္တာတေ စတင်သောင်းကျန်းမှုကို ဖြေရှင်းရန်စေလွှတ်သည်။

"အားရင် တို့က အကောင်းဆုံးဖြေရှင်းပြီး ကောင်းကောင်းပြန်လာမှာမို့ သွားခွင့်ပြုပါဦး"

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now