part 15

5.2K 490 5
                                    

"ကျဲ ကျွန်တော် သရည်လာပို့တာပါ"

စားပွဲရှည်ကြီးမှာ ထိုင်နေတဲ့ ပန်းနုရောင်လေးကို
မလုံတလုံ ဝတ်ဆင်ထားတဲ့မိန်းကလေးက မနက်စောစော
သရည်လာပို့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့
မကြာမကြာ ရောက်လာတတ်ပြီး သူမနဲ့ စကားတေ ပြောကာ
ပြန်သွားတတ်တဲ့ ကောင်လေးကို ကြည့်နေတယ်
ထိုကောင်လေးကတော့ သူမကို ကြည့်မနေ
စားပွဲကြီးသာ စိုက်ကြည့်နေတယ်
ဒါကလည်း သူမ မလုံမလဲလေးတေ ဝတ်ဆင်တိုင်း
ထိုကောင်လေး လုပ်တက်တဲ့ အမူအကျင့်တစ်ခုဆိုတာ
မကြာသေးခင်ကမှသိခဲ့ရတယ်

ထိုကောင်လေး ဘယ်ခြေလှမ်း လှမ်းနေလဲ သူမသိ
တာပေါ့..
လီယောင်းက ဖန်းရင်းဟွာ ကြိုက်တဲ့ ပုံစံ မဟုတ် သို့ပေမယ်
တစ်ခြားယောက်ျားတေလို ရက်မက်မပါပဲ တန်ဖိုးထားတဲ့
မျက်လုံးတေက သူမနှလုံးသားကို အရည်ပျော်သွားစေတာ
တစ်ဖြည်းဖြည်း နဲ့ ထိုကောင်လေးက သူမဘဝထဲ
တိုးဝင်လာတော့မှာကို ဖန်းရင်းဟွာ ကတော့ မသိပါ။

🌱🌱🌱🌱🌱🌱

ရှောင်ကျန့် ယွမ်ချင်မြို့ ကနေ ပြန်လာနေသည်။
သွားတာ သုံးရက်လောက်ရှိပြီး သင်ပြီးသား စာဖိုမူးတေကို
သေချာနေရာချပေး ဆိုင်အတွက် လိုအပ်တာတေပြင်ဆင်ပေးနဲ့ အလုပ်ရှုပ်လွန်းကာ
အရမ်းပင်ပန်းလာသည်။
သတင်းကြားပါရဲ့ ဇာတ်လိုက်က ကြင်ယာတော် ရွေးပြီး
သွားပြီဆိုတာ ဘာအလိုမကျမှန်းမသိ နောက်ပြီး မူလ ဇာတ်လမ်းအရ ဇာတ်လိုက်မမှ မပါဘဲ အခုဇာတ်လမ်း
တော်တော်ပြောင်းလဲသွားတာ

ခရီးလမ်းက ဓားပျံမဆီးနိုင်တဲ့ ကျိုးရှမီ ပါလို့ နှောင့်နေး သည်။
မြင်းနဲ့အမြန် ခရီးနှင်ကာပြန်ခဲ့သည်။
လင်းရီ ကမြင်းတစ်ကောင် သူက ကျိုးရှမီ ကိုခေါ်စီးသည်။
ဟူး..နောက်တစ်ခေါက် ဒီကလေးမ ခရီးလမ်းတေမခေါ်တော့
ဖူး.....

ပင်ပန်းသမျှ ကျိုးအိမ်တော်ရောက်တော့ ရင်ဝစောင့်ကန်လိုက်သလို သူမှာ မနက်အစောကြီးထဲက ခရီးထွက်လာကတာ ခု နေ့လည်ပြန်ရောက်တဲ့အချိန်ထိ
သတင်းတေဂရုမစိုက်မိ

သတင်းကတော့ အမိန့်စာနဲ့ နန်းတော်က လူတေက ကျိုးအိမ်တော်က စစ်လန်ကို စစ်သူကြီးရဲ့ ကြင်ယာတော်
အဖြစ်သိမ်းပိုက်ကြောင်း လက်မခံပါက တစ်မိသားစုလုံး
သေဒါဏ်ဖြစ်ကြောင်းပါ အမိန့်စာထဲပါလေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now