ချိုမြိန်သော အချိန်များ
--------------------------
နိုးထ လာတဲ့မနက်ခင်း တစ်ခုမှ နွေးထွေးတဲ့ ရင်ခွင်တစ်ခုက ရှိမနေတော့ ဒါကမနက်ခင်းတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အကျင့် တစ်ခုလိုပင်
သူက မည်မျှပင် စောအောင်အိပ်ရာ ထထ ရှောင်ကျန့်ကို မှီမနေဖူး။ခုချိန်ဆို စားဖိုခန်းမှာ မနက်စားပြင်နေမဲ့ ရှောင်ကျန့်ပုံကို မြင်ရောင်ပြီး ပြုံးမိသည်။ သူကလည်း ရှောင်ကျန့်လက်ရာမှ ဒီရက်ထဲ စားကောင်းနေသည်။
"ဟူး ....မင်းကို ကိုယ်တော် ယုံသင့်ရဲ့လား"
*********
စားဖိုဆောင်သို့ လှမ်းတဲ့ ဝမ်ရိပေါ်ရဲ့ ခြေလှမ်းတေက တက်ကြွနေသည်။ စားဖိုဆောင်မှာ ချက်ပြုတ်နေတဲ့သူက ဒီနေ့အဖြူရောင်ကို ဝတ်ဆင်ထားပြီး ဆံနွယ်ဖြူတေ အမြင့်ကြီး မြှောက်စည်းထားသည်။
"မင်းနိုးပြီလား အဲ့တာလေးသောက်လိုက်"
ရှောင်ကျန့်က ချက်လက်စ ဟင်းပွဲကို လက်စသတ်ကာ စားပွဲပေါ်က ဆေးခါးတစ်ခွက်ကို လက်ညိုးညွှန်ပြသည်။
"မသောက်ဖူး"
ခက်တည်တည်နဲ့ ငြင်းတဲ့ ဝမ်ရိပေါ်က ဆေးခါးတေမသောက်ချင် နေမကောင်းတာ ပျောက်နေပြီပဲ ထိုဆေးခါးကြီးတေက လိုအပ်သေးလို့လား
"ဘာလို့လဲ မင်းပဲ အမြဲဖြစ်နေကြဆို အဲ့တာ ဆေးသောက်ကတယ် မဟုတ်ရင် ရောဂါတစ်ခုလို ဆွဲသွားလိမ့်မယ်"
"ဟုတ်လို့လား"
စစ်သူကြီးချုပ် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝမ်ရိပေါ်က မျက်လုံးလေးဝံ့ကာ မယုံသင်ကာ မေးပြန်တယ်
"ဟက် အတည်ပြောတာ လာပါကွာ ထမင်းမစားခင်သောက်လိုက် ဆေးကခါးတော့ မဟုတ်ရင် ပြန်အန်လိမ့်မယ်"
အဝတ်စုပ်တစ်ခုနဲ့ လက်သုတ်နေရာကနေ ဝမ်ရိပေါ်ရဲ့ လက်ကိုဆွဲပြီး ဆေးခွက်တင်ထားတဲ့ စားပွဲရှေ့မှာ ထိုင်စေတယ်
"အဲ့တာကြီးသောက်ပြီး ကိုယ်တော်ဘယ်လိုလုပ် မနက်စာ စားနိုင်တော့မှာလဲ"
"အဲ့လောက်လဲ မဆိုးပါဖူး ကြည့်အုံး အထိန်းတော်ကြီးကို အားဆေးလေးပါ ဝယ်ခိုင်းပြီး ထည့်ကြိုထားတာ"
YOU ARE READING
What is love?[အချစ်ဆိုသည်မှာ (system )]{Completed}
Fanfictionမှောင်ခိုဂိုဏ်းတစ်ခုရဲ့ အနာဂတ်ခေါင်းဆောင်လေး ရှောင်ကျန့်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာမှ systemတစ်ခုနဲ့ ချိတ်ဆတ်မိပြီး လွှတ်ဝှက်ဆန်းကြယ်ကမ္ဘာတစ်ခုကို သွားရဖို့ အကြောင်းဖန်လာခဲ့သည်။ ရှောင်ကျန့်က လူတေကို ဘယ်လိုကယ်တင်မလဲ? သူ့ရဲ့ ချစ်ရသူနဲ့ကော မည်သို့...