Part 8

6K 675 16
                                    

ဗရမ်းဗတာ တွေ့ဆုံမှု
——————

( လူသတ်တဲ့ အခန်း နည်းနည်း ပါသည်။‼️ )

'Host ရေ ဇာတ်လိုက်စပြီး လုပ်ကြံခံရပြီ'

'အင်းသိပြီ'

နယ်စပ် နဲ့ ဒီကို သွားမယ်ဆို 1လကျော်လောက်ကြာမယ်
အမြန်ခရီးသွားမယ်ဆို လဝက် လောက်ကြာမယ်
သို့ပေမယ့် ဇာတ်လိုက်အတွက်တော့ 3နာရီလောက်သာ
ကြာသည်တဲ့ တစ်ကယ် ဇာတ်လိုက်ပီသ သည်။
သားရဲဝံပုလွေမျိုးနွယ်တိုင်းက အမြန်ခရီးသွားစွမ်းအင်ရှိ
ပေမယ့် ထိုခရီးသည် ပုံမှန်အားဖြင့် 2 3 ရက်လောက်တော့
ကြာနိုင်သည်။

"မငိုနဲ့တော့တိတ်"

"အဲ့ဒီတုန်းက အရမ်း နာကျင်ရမှာပဲနော် ကျန့်ကော ညီမအဲ့လိုခေါ်မယ် ရလားဟင်"

"အကိုဒီကမ္ဘာကို ရောက်ချိန်ထိ မင်းက ပထမဆုံး အကို့
နာမည်ခေါ်တဲ့သူပဲ "

"ဟီး ဒါဆို"

"ချွမ် ချွမ် ဝှစ် ဒုတ်..."

ဓားချင်းရိုက်သံတေ မြှားပြစ်သံတေ
တိတ်ဆိတ်နေတဲ့ ညအမှောင်ထဲမှာ ပြပြ ကြားနေရသည်။
ဟိုညီအကိုနှစ်ယောက်လဲ ထိုအသံတေကြားကာ
ဓားကောက်ကိုင်နေသည်။ ရှောင်ကျန့် သစ်ပင်ပေါ်မှ ဆင်းတော့ ကျိုးရှမီလည်း ဆင်းလာသည်။
အဆင်းမတော်တော့ ပြုတ်ကျနေရှာသည်။

"ထ ထ မင်းတို့နှစ်ယောက် သေချာနားထောင် အသံကြား
ရာဆီသွားကြည့်မယ် ငါအချက်မပြမချင်း မင်းတို့ ဘာမှ
မလုပ်နဲ့ အပင်ပေါ်တေတတ်ကြည့်မယ် ရှမီကို ကာကွယ်ဖို့
မင်းတို့တာဝန်"

ဟိုနှစ်ယောက်ကလည်းလက်ခံကာ အသံကြားရာဆီထွတ်ခဲ့သည်။

@@@@@@

ဝမ်ရိပေါ် အတတ်နိုင်ဆုံး မြန်နိုင်သမျှမြန်အောင်သွားနေသည်။ အရင်ဘဝနဲ့
မတူစွာ ကွဲလွဲ ထွတ်နေသည့်အတွက် နန်းတော်မှာ
တစ်ခုခု ဖြစ်နေမှာလည်းစိုးရတယ်။
အဓိက ကတော့ အဆိပ်ဖြေဖို့ အရင်က မြေခွေးမနဲ့
မဆုံချင် သိပ်စိတ်ပျက်ဖို့ကောင်းသည်။
အရာအားလုံးကအရင်နဲ့မတူ မြန်ဆန်လွန်းစွာဖြစ်ပျက်နေသည်မှာ အဆိပ်ပင် စောစော
မိနေပြီ သူ့ညီမလေးလည်း စိတ်ပူရသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now