အပိုင်း - ၁ -
တိတိပပဆွဲပိတ်ထားတဲ့ခန်းစီးလိုက်ကာတွေကြောင့် အလင်းရောင်အားနည်းနေတဲ့အိပ်ခန်းတစ်ခန်း။
အမှောင်ထုက စိတ်သက်တောင့်သက်သာဖြစ်စေပေမဲ့ တစ်ဖက်မှာလည်း ပျင်းရိငိုက်မြည်းစရာ ကောင်းစေတယ်၊ ဒီလိုအခန်းရဲ့ရေချိုးခန်းထဲမှာ ရှောင်းကျန့်သူ့ကိုယ်သူ ပိတ်လှောင်ထားရတယ်၊ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကပျံ့လွင့်လာတဲ့ pheromone ရနံ့က အလုံခန်းရဲ့ကျစ်လျစ်တဲ့ကျောက်သားနံရံတွေကနေ ဖောက်ထွက်ဖို့လောက်အထိတော့ မစွမ်းနိုင်ဘူးမလား၊ သိပ်မကြာခင်မှာပဲ အခန်းရဲ့လေထုထဲမှာ မွှေးပျံ့ချိုအီတဲ့ပန်းရနံ့တွေက စိုးမိုးနေရာယူလာတာကြောင့် ရှောင်းကျန့်တစ်ယောက် သူ့ရနံ့နဲ့သူတောင် အသက်ရှူဖို့ခက်ခဲလာတော့တယ်။
[ဒေါက်ဒေါက်]
ရုတ်တရက်ထွက်ပေါ်လာတဲ့တံခါးခေါက်သံရဲ့ မရှေးမနှောင်းမှာတော့ အေးစက်စက်ခပ်သြသြအသံတစ်သံကိုပါကြားလိုက်ရတယ်။
"ပစ္စည်းရောက်လာပြီ"
"အထဲယူလာ"
ရှောင်းကျန့်အဖြေပေးလိုက်ပြီး ထိုင်နေရာကထရပ်ကာ တံခါးဆီလှမ်းဖို့ ကြိုးစားကြည့်တယ်၊ ဒါပေမဲ့ ပျော့ခွေပြီး တဆတ်ဆတ်တုန်ချင်နေတဲ့ခြေထောက်အစုံက သူ့ကိုမျက်နှာသာပေးမနေဘူး၊ ဒါကြောင့် နံရံကိုအသာမှီထားရင်း ဝင်လာမဲ့သူကိုပဲ စောင့်နေလိုက်တယ်။
ရှောင်းကျန့်အသံကိုကြားလိုက်တော့ ဝမ်ရိပေါ်က ထိန်းချုပ်ဆေးပါတဲ့အရေးပေါ်ဆေးသေတ္တာလေးကို ကိုင်ထားရင်း ရေချိုးခန်းတံခါးကို အသာတွန်းဖွင့်ပြီးဝင်လာတယ်၊ အခန်းထဲကအသက်ရှူကြပ်စရာလေထုက အသက်၁၈နှစ်တောင်မပြည့်ချင်သေးတဲ့ ပိန်ပိန်ဖြူဖြူကောင်လေးအပေါ်မှာတော့ သက်ရာက်မှုတစ်စုံတရာရှိပုံမပေါ်ဘူး၊ ဝမ်ရိပေါ်ကသူ့ကို ခံစားချက်ကင်းမဲ့နေသလိုမျက်လုံးသေတွေနဲ့ ကြည့်လာပြီး ထိန်းချုပ်ဆေးရည်ပါတဲ့ဆေးထိုးအပ်ချွန်ချွန်ကို ရှောင်းကျန့်ရဲ့သွေးကြောထဲသို့ ကျွမ်းကျင်ပိုင်နိုင်စွာ ထိုးစိုက်ပေးလိုက်တော့တယ်။
YOU ARE READING
𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆 •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfiction⚠️ Omegaverse, Wolf Pack, Yizhan, BJYX I do not own this story. Translated with permission. All rights reserved to original writer : Usakii Cover Photo: 温暖之雪FLY Cover Design : NTNO1823