13

9.8K 1.2K 122
                                    

အပိုင်း - ၁၃ -
.
.
.
.
.
.
.
.
.
.
.
.
.

ရှောင်းကျန့်စကားကို ဝမ်ရိပေါ်ကသဘောမတွေ့တဲ့ပုံစံနဲ့ မျက်လုံးတစ်ဖက်ကိုမှေးကျဉ်းပြီးကြည့်လာတယ်၊ အပြောင်းအလဲက တကယ်ကိုမသိမသာလေးပါ၊ ပြီးတာနဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကို ခြေထောက်နှစ်ချောင်းကနေဆွဲမလိုက်ပြီး ခေါက်ချိုးဖိချထားရင်း ဆက်တိုက်ဆိုသလိုပဲထိုးသွင်းတော့တယ်။

ရှောင်းကျန့်လည်း အတွင်းပိုင်းနေရာကပါအောင့်သွားတာမို့ မျက်ရည်တွေစီးကျလာတယ်၊ ဒီလိုအနေအထားကြီးက အသက်ရှူဖို့လည်းအဆင်မပြေဘူး၊ ကြာလာတော့အသိအာရုံကပါဝေဝေဝါးဝါးဖြစ်လာတယ်။

Alpha တစ်ယောက်ဆီက ကြမ်းကြမ်းတမ်းတမ်းဖိနှိပ်ခံရတဲ့ Omega ရဲ့ဘဝက ရှောင်းကျန့်ထင်ထားတာထက် အများကြီးဆိုးတယ်၊ Alpha အဖြစ်ဟန်ဆောင်နေရင်း Pheromones နဲ့ထိန်းချုပ်ခံရရင် ဘယ်လိုရင်ဆိုင်မလဲဆိုပြီး အကြိမ်ပေါင်းမနည်း ရှောင်းကျန့်တွေးခဲ့ဖူးတယ်၊ Heat ဝင်အောင်အတင်းဖိအားပေးခံရလို့ အတူနေမိသွားရင်တောင်ကိစ္စမရှိဘူး၊ အလိုပြည့်သွားတာနဲ့ အဲ့ဒီ Alphaကို Hyena လှောင်အိမ်ထဲပစ်ထည့်ပြီး ကျွေးလိုက်ရုံပဲဆိုပြီး ရှောင်းကျန့်ကခပ်ပေါ့ပေါ့ပဲတွေးခဲ့တာ။

ရှောင်းကျန့်က ဖြစ်လာနိုင်ချေအတွက်ကြိုတင်တွက်ချက်ပြီး စိတ်ထဲမှာပြင်ဆင်ထားခဲ့တဲ့သူမို့ အိပ်ရာပေါ်ကကိစ္စက ရှောင်းကျန့်ကို စိတ်အနှောက်အယှက်ပေးလာနိုင်မှာမဟုတ်ဘူးလို့ကို တွေးထားခဲ့တာ၊ ဒါပေမဲ့ ပယင်းရောင်ဖျော့ဖျော့မျက်ဝန်းတွေကတော့ ရှောင်းကျန့်ရဲ့ထင်မြင်ယူဆချက်ကို အငွေ့ပျံသွားစေခဲ့တယ်။

ဝမ်ရိပေါ်က သူ့လုပ်ရပ်သူမမှတ်မိတော့တာမို့ မမှတ်မိလေကောင်းလေပဲလို့တွေးမိပြီး ရှောင်းကျန့်က မသတ်ပစ်ခဲ့တာ၊ သူ့ခွေးပေါက်လေးကို မသေစေချင်ခဲ့ဘူးလေ၊ ဒါပေမဲ့ မထင်ထားတာတွေဖြစ်လာခဲ့တယ်။

"ငါကရှောင်းကျန့်ပဲ"

မျက်စိရှေ့တင်သွေးချင်းချင်နီရဲလာတဲ့ပခုံးက ဒဏ်ရာကိုလက်နဲ့နှိုက်ထားရင်းနဲ့ပဲ ရှောင်းကျန့်ဆက်ပြောတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now