14

9.5K 1.2K 86
                                    

အပိုင်း - ၁၄ -

ဝမ်ရိပေါ်ကတော့ အသက်ဝိညာဉ်မရှိတဲ့ကြွေရုပ်တစ်ရုပ်အလား ငြိမ်သက်နေတယ်၊ ထိလိုက်တာနဲ့ ကြွေကျသွားတော့မဲ့အတိုင်းပဲ၊ မျက်တောင်ဖျားတွေကတော့ မယုံနိုင်မှုကြောင့်တဖျတ်ဖျတ်ဖြစ်နေရှာတာ၊  တစ်ခုခုကိုမှတ်မိအောင်အသည်းအသန်ကြိုးစားနေရတာမို့ အညိုရောင်မျက်ဝန်းတွေကပေးလာတဲ့အကြည့်တွေကတော့ အရင်လိုတည်ငြိမ်မနေတော့ဘူး။

အိပ်ရာပေါ်ကနေဆင်းဖို့အတွက် ရှောင်းကျန့်ကကိုယ်ကိုလှည့်ချလိုက်တာမို့ ပခုံးပေါ်ကစောင်ကလျှောကျသွားပြီး သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက ခရမ်းပုပ်ရောင်အမှတ်တွေနဲ့ ကိုက်ရာတွေက ကွက်ကွက်ကွင်းကွင်းပေါ်လာတယ်၊ တချို့နေရာတွေမှာဆို ဝါကျင့်ကျင့်အရောင်ကိုတောင်ပြောင်းနေပြီ။

ဒါတွေကိုပါမြင်လိုက်ရတော့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကအရင်ထက်နှစ်ဆလောက်ပြူးကျယ်သွားခဲ့တယ်၊ဒါတင်မကသေးဘူး အိပ်ရာခင်းနဲ့စောင်တွေကနေ လှိုက်ခနဲတက်လာတဲ့အနံ့တွေကြောင့်လည်း ဘာတွေဖြစ်ထားတယ်ဆိုတာကို ပါးစပ်နဲ့တကူးတက လိုက်ပြောပြနေစရာမလိုတော့လောက်အောင်ပါပဲ။

ရှောင်းကျန့်ခန္ဓာကိုယ်ရဲ့အပေါ်အောက်ကိုသေချာမြင်ပြီးသွားပြီမို့ နောက်ဆုံးမှာတော့ ဝမ်ရိပေါ်ရဲ့အကြည့်တွေက ရှောင်းကျန့်ရဲ့မျက်နှာပေါ်မှာ ရပ်တန့်သွားတယ်၊ ဝမ်ရိပေါ်ရဲ့ ခြောက်သွေ့အက်ကွဲနေတဲ့နှုတ်ခမ်းတွေက တစ်ခုခုပြောချင်သလိုပုံစံနဲ့ ပွင့်ဟလာတယ်၊ ဒါပေမဲ့ ဘာအသံမှကိုထွက်မလာခဲ့ဘူး။

ဝမ်ရိပေါ်ဆီကတုံ့ပြန်မှုကိုကြည့်ရင်း ရှောင်းကျန့်စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားတယ်၊ သူထင်ထားသလိုပဲ ဝမ်ရိပေါ်ကမယုံကြည်နိုင်ဖြစ်ပြီး ဆွံ့အနေတယ်၊ ဒါပေမဲ့ အဲ့ဒါကလွဲပြီး တခြားခံစားချက်တစ်ခုတလေတောင် သူမမြင်ရဘူး။

ရှောင်းကျန့် ဝမ်ရိပေါ်ကိုကျောခိုင်းလိုက်ပြီး အောက်မှာကျနေတဲ့ပိုးသားညဝတ်ကို ကိုယ်ပေါ်မှာလွှားလိုက်တယ်၊ ကြည်လင်သန့်စင်နေတတ်တဲ့ကျောပြင်က အခုအချိန်မှာတော့ လက်ချောင်းအရာတွေ ကိုက်ရာတွေနဲ့ပြည့်နှက်နေမှာပါ၊ အင်္ကျီကိုခါးနေရာကနေအပေါ်ထိ ဖြည်းဖြည်းချင်းဆွဲတင်လာတာမို့ နောက်ဆုံးမြင်ရမှာက လှပကျော့ရှင်းတဲ့လည်ပင်းဂုတ်ပိုးမှာနေရာယူထားတဲ့ ကိုက်ရာအဝိုင်းလိုက်ကြီးပါပဲ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now