55

6.8K 811 7
                                    

အပိုင်း - ၅၅ -

ခြံထဲကတတိုင်းမွှေးအပင်တွေကို ပက်ဖြန်းပေးနေတဲ့ရေပန်းကရေတွေက မိုးရွာချနေသလို အဆက်မပြတ်ကျဆင်းနေတယ်၊ မေလကနေရောင်ကတောက်ပပြီး၊ နေ့အချိန်တော်တော်များများကို လွှမ်းခြုံပေးထားနိုင်တယ်၊ နေ့တာရှည်တဲ့လမို့ လှပပေမဲ့ပျင်းစရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ထားတယ်။

ရှောင်းကျန့်က ခေါင်းအုံးဘေးမှာရှိနေတဲ့ ရိုးရိုးအဖြူရောင်ဗြောင်တီရှပ်ကိုကောက်ကိုင်လိုက်တယ်၊ ဒီအင်္ကျီက မကြာခင်ကမှအသစ်ရောက်လာတဲ့အင်္ကျီတွေထဲကတစ်ခုဖြစ်လိမ့်မယ်၊ အဝတ်အစားတွေနဲ့ပက်သတ်ရင်တော့ ဝမ်ရိပေါ်ဘက်ကနေ တစ်ခါလေးမှတောင်းဆိုတာမျိုးမရှိခဲ့ဖူးပါဘူး၊ ရှောင်းကျန့်ဆင်ပေးတာ၊ တိတိကျကျပြောရရင် ရှောင်းကျန့်ကအိမ်ထိန်းကိုဝယ်ခိုင်းလိုက်တာတွေကိုပဲ ဝတ်လေ့ရှိတဲ့လူမျိုးပါ။

ပြောရရင် ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်ဘာအရောင်ကြိုက်လဲဆိုပြီး မေးမြန်းကြည့်တာမျိုး တစ်ခါလေးမှတောင် မရှိခဲ့ဘူးလေ၊ ကိုယ့်သဘောအတိုင်း အမြဲတမ်းရိုးရှင်းတဲ့အရောင်တွေကိုပဲ ရွေးချယ်ပေးလေ့ရှိတယ်၊ ဒါကြောင့် နှစ်ပေါင်းများစွာအတူရှိခဲ့တာမှာ ဝယ်ပေးရတဲ့အရွယ်အစားတွေ ပြောင်းလဲလာတာကလွဲရင် အင်္ကျီအများစုကအဖြူနဲ့အနက်ရောင်တွေချည်းဖြစ်ခဲ့တာ။

ရှောင်းကျန့် တီရှပ်လေးကိုလက်ထဲမှာကိုင်ထားရင်း ဝမ်ရိပေါ်ရဲ့အခန်းထဲကို လျှောက်ဝင်သွားလိုက်တယ်၊ အတန်းလိုက်ရှိနေတဲ့အဝတ်ဘီဒိုတွေထဲကတစ်ခုကို ဖွင့်ချလိုက်ချိန်မှာတော့ အသက်၇နှစ်အရွယ်ကစပြီး ၁၈နှစ်အထိဝတ်ခဲ့တဲ့တီရှပ်တွေကိုသေချာခေါက်ပြီး အထပ်လိုက်စီထားတာကို တွေ့လိုက်ရတယ်၊ မတော်တော့ပေမဲ့ တစ်ထည်မှမပစ်ခဲ့ဘူးထင်တယ်။

အထပ်လိုက်စီထားတဲ့အင်္ကျီတွေက ရှောင်းကျန့်ရဲ့ရှည်လျားတဲ့အရပ်ထက်တောင်ကျော်လွန်နေတယ်၊ ထောင့်တစ်နေရာမှာတော့ အရွယ်ခပ်သေးသေးအင်္ကျီတစ်ထည်ရှိနေတယ်၊ ဒီအင်္ကျီကတော့ တခြားအဝတ်တွေနဲ့မတူစွာပဲ ခေါက်ရိုးတွေကမညီမညာဖြစ်နေတယ်၊ ကြည့်ရတာသူနဲ့အရွယ်အစားတူအထပ်ထဲကနေ အပြင်ကိုဆွဲထုတ်ခံထားရပုံပေါ်တယ်၊ ရှောင်းကျန့်ဖြန့်ကြည့်လိုက်တော့ ဘီဒိုထဲကတခြားအင်္ကျီတွေလို အဖြူရောင်ရိုးရိုးတီရှပ်တစ်ထည်ပါပဲ၊ အရွယ်အစား အရမ်းသေးနေတာလေး တစ်ခုပဲကွာတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now