အပိုင်း - ၄၇ -
ရှောင်းကျန့် ဝမ်ရိပေါ်ကိုမော့ကြည့်လိုက်တယ်၊ လသာဆောင်ဘက်ကဝင်လာတဲ့နေရောင်ကြောင့် ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေက ခါတိုင်းထက်ပိုပြီးအရောင်ဖျော့နေတယ်၊ ကြည်လင်နေတဲ့မျက်ဝန်းတွေထဲမှာ ထင်ဟပ်နေတဲ့သူ့ရဲ့အရိပ်ကိုတောင် ရှောင်းကျန့်ကောင်းကောင်းမြင်နေရတယ်။
ဝမ်ရိပေါ်ကပြန်မဖြေပဲ မျက်လုံးမှိတ်ချလိုက်တယ်၊ အဲ့ဒီနောက်မှာတော့ရှောင်းကျန့်ကို လည်တိုင်အနောက်ကနေဖိချရင်း သူ့ဆီကိုပိုကပ်သွားအောင်ဆွဲခေါ်လိုက်တယ်၊ ရှောင်းကျန့်လည်း ခေါင်းပြန်ငုံ့ချပြီး ဝမ်ရိပေါ်ရင်ခွင်ထဲ အလိုက်သင့်တိုးဝင်သွားလိုက်တယ်၊ ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့ခေါင်းပေါ်မှာမေးတင်ထားပြီး ငြိမ်နေတယ်။
ရှောင်းကျန့်မျက်စိရှေ့မှာရှိနေတဲ့ ဝမ်ရိပေါ်ရဲ့ထင်ရှားတဲ့လည်စေ့ကတော့ တစ်ချက်တစ်ချက်မှာလှုပ်ရှားသွားတာမျိုးရှိတတ်တယ်၊ ရှောင်းကျန့်လည်း စိတ်လျှော့ပြီးမျက်လုံးမှိတ်ချလိုက်တော့တယ်၊ ဒါပေမဲ့ အိပ်ပျော်သွားပြီးတဲ့အချိန်မှာပဲ သူအိပ်မက်တစ်ခုမက်ခဲ့တယ်။
ချယ်ရီပွင့်ဖတ်တွေဝေနေအောင်ကျနေတဲ့အပင်အောက်မှာ ဖြူဖျော့ဖျော့အသားအရည်ရှိတဲ့ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေတယ်၊ ကောင်လေးက ရှောင်းကျန့်ကိုကြည့်မနေဘူး၊ ဘာမှလည်းလုပ်မနေပဲ ဒီအတိုင်းတိတ်တဆိတ်ရပ်နေတာပါ၊ ကောင်လေးရဲ့အသားကဖြူလွန်းပြီး ပတ်ဝန်းကျင်ကမှုန်မှိုင်းနေတာမို့ တကယ်ရှိနေတာလား၊ စိတ်ထင်နေတာလားဆိုတာကိုတော့ ရှောင်းကျန့်သဲသဲကွဲကွဲမသိဘူး။
ကောင်လေးကိုကြည့်နေရင်းကနေ ရုတ်တရက်ဆိုသလိုပဲ ရှောင်းကျန့်ရဲ့ကိုယ်က ဆတ်ခနဲတုန်တက်သွားပြီး လူကလန့်နိုးလာတယ်၊ သူသတိထားမိတော့ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုခပ်တင်းတင်းဖက်ပေးထားတာဖြစ်ပြီး၊ ရှောင်းကျန့်လှုပ်လာတာကိုသိတော့မှသာ နည်းနည်းပြန်ဖြေလျှော့ပေးရင်းမေးလာတယ်။
"အိပ်မက်မက်နေတာလား?"
ရင်တွေတုန်နေတာမို့ ရှောင်းကျန့်ချက်ချင်းအဖြေမပေးနိုင်သေးပဲ မျက်လုံးတွေကအပြူးသားဖြစ်နေတယ်၊ အတန်ကြာမှ ခပ်တိုးတိုးနဲ့မသဲမကွဲအသံပြုတယ်။
YOU ARE READING
𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆 •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfiction⚠️ Omegaverse, Wolf Pack, Yizhan, BJYX I do not own this story. Translated with permission. All rights reserved to original writer : Usakii Cover Photo: 温暖之雪FLY Cover Design : NTNO1823