2

11.9K 1.4K 52
                                    

အပိုင်း -၂ -

စံအိမ်ကိုပြန်ရောက်တဲ့အထိ ဝမ်ရိပေါ်ဆီက စကားသံထပ်ပြီးမကြားရတော့ဘူး၊ ပြီးတော့ ခါတိုင်းလို ရှောင်းကျန့်အခန်းထဲကိုအတူလိုက်မလာပဲ၊ သူ့အခန်းကိုတန်းပြန်သွားတယ်၊ ရှောင်းကျန့် အိပ်ခန်းထဲပြန်ရောက်တော့ အနောက်မှာအမြဲပါလာနေကျဝမ်ရိပေါ်ကိုမတွေ့ရတာမို့ စိတ်ထဲမှာ နည်းနည်းတောင်တမျိုးဖြစ်ချင်သွားတယ်။

ပြသနာတစ်ခုခုရှိနေတာလား?

ရှောင်းကျန့်ဆက်တွေးမနေတော့ပဲ တန်ဖိုးကြီးအဝတ်အစားတွေပြည့်နေတဲ့ သီးသန့်အဝတ်လဲခန်းထဲကို ဝင်လာလိုက်တယ်၊ အခန်းထဲရောက်တာနဲ့ စိတ်ကျဉ်းကျပ်ဖို့ကောင်းတဲ့ အဆင်တန်ဆာတွေကို တစ်လွှာချင်းချွတ်ချရင်း သူ့ခေါင်းထဲကို ပြီးခဲ့တဲ့၁၁နှစ်တာအကြောင်းက မတွေးရပါပဲရောက်လာတယ်။

၁၁နှစ်ကအကြာကြီးဆိုပေမဲ့ တကယ်တမ်းကျ မျက်စိတစ်မှိတ်အတွင်းမှာပဲကုန်သွားခဲ့တာ၊  ဝမ်ရိပေါ်ကတော့ သူစခေါ်လာကတည်းက ဒီလိုပုံစံပဲ၊ ပုံမှန်လူတွေလိုမျိုး ပြောဆိုဆက်ဆံရတဲ့နေရာမှာကျ နည်းနည်းတော့လက်ပေါက်ကပ်တာမျိုး။

ပတ်ဝန်းကျင်ရဲ့အပြောင်းအလဲကြောင့် ဝမ်ရိပေါ်ဆီမှာ သက်ရောက်မှုတစ်စုံတရာရှိလာတာမျိုး ရှောင်းကျန့်တစ်ခါမှ မမြင်ခဲ့ဖူးဘူး၊ ဘယ်လောက်ပဲကောင်းတဲ့ကိစ္စပဲကြုံကြုံ ဘယ်လောက်ပဲကြမ်းတမ်းတဲ့ သွေးထွက်သံယို မြင်ကွင်းပဲ မြင်ရမြင်ရ၊ ဘာကိစ္စကြီးပဲနေနေ၊ ဝမ်ရိပေါ်မျက်နှာပေါ်က အေးစက်တောင့်တင်းနေတဲ့ ကြွက်သားတွေကိုတော့ လှုပ်ရှားသွားအောင်မလုပ်နိုင်ကြဘူး။

ပြီးတော့ ဝမ်ရိပေါ်ကသူ့ရဲ့ အိုယဘွန်းဖြစ်တဲ့ရှောင်းကျန့်ကိုတောင် တော်ရုံမျက်လုံးလှန်ကြည့်ပြီး အသိအမှတ်ပြုတာမျိုးမရှိဘူး၊ ဝမ်ရိပေါ်က သူ့ရဲ့အညိုရောင်မျက်ဝန်းတွေကို မျက်လွှာချထားတဲ့မျက်ခွံတွေအောက်မှာပဲ အမြဲထည့်ဖွက်ထားတာ၊ ရှောင်းကျန့်သတိထားမိသလောက် လူသတ်တဲ့အချိန်မှာတောင် အဲ့ဒီတန်ဖိုးကြီးမျက်ခွံတွေက နေရာအပြောင်းအလဲသိပ်မရှိတတ်ဘူး။

ကျောက်စိမ်းလိုသန့်စင်ပြီး ရေခဲလိုအေးစက်နေတဲ့မျက်နှာပေးကိုကြည့်ပြီး ရှောင်းကျန့်ကဝမ်ရိပေါ်ကို မကျေမနပ်နဲ့ မေးခဲ့ဖူးတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now