24

8K 1.1K 71
                                    

အပိုင်း - ၂၄ -

သန့်စင်ခန်းထဲမှာတော့ နှစ်ယောက်လုံးဆီကထွက်လာတဲ့ Pheromones တွေရောနှောယှက်ဖြာနေတာမို့ နွေဦးကိုပြန်ရောက်နေသလိုပါပဲ၊ ရှောင်းကျန့်ရဲ့ကိုယ်တွင်းက မငြိမ်မသက်ဖြစ်နေခဲ့တဲ့အပူတွေကလည်း တဖြည်းဖြည်းချင်း ထိန်းချုပ်လို့အဆင်ပြေလာခဲ့တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ပခုံးပေါ်မှာမျက်နှာအပ်ထားပြီးငြိမ်နေတယ်၊ ယဉ်ပါးနေခဲ့ပြီဖြစ်ပေမဲ့ ဝမ်ရိပေါ်ဆီကလာတဲ့သစ်ပင်နွယ်ပင်တွေရဲ့ရနံ့က ရှောင်းကျန့်ရဲ့နှာသီးဖျားတွေကို ထုံထိုင်းသွားစေတဲ့အထိ ပြင်းထန်နေတုန်းပဲ။

"ဒီကိစ္စမျိုးမှာ ရှောင်းအိမ်ဘက်ကအလွန်ဆိုပြီးအဖြစ်ခံလို့မရဘူး"

ရှောင်းကျန့်ဆီကစကားသံထွက်လာပေမဲ့ ဝမ်ရိပေါ်ကတော့ ဘာမှပြန်မပြောမိဘူး။

ဝမ်ရိပေါ်အတွက်ကတော့ ရှောင်းကျန့်တစ်ယောက်ပဲရှိတယ်၊ ဒါကြောင့် တခြားသူတွေနဲ့ တိုက်ရိုက်အဆက်အဆံလုပ်ရမဲ့အချိန်က တိုက်ခိုက်သတ်ဖြတ်နေတဲ့အချိန်တစ်ချိန်ပဲရှိမှာ၊ ရှောင်းကျန့်က သူ့ရဲ့အိုယဘွန်းဖြစ်သလို သေချာစည်းချပြီးကာကွယ်ထားတဲ့ ပိုင်ဆိုင်မှုနယ်နိမိတ်လည်းဖြစ်တယ်၊ အရိုးထဲထိစွဲနေတဲ့ဝမ်ရိပေါ်ရဲ့အသိအရ ကျူးကျော်စော်ကားလာတဲ့သူတွေဟာ ခွင့်လွှတ်ဖို့မထိုက်တန်ဘူး။

ဝမ်ရိပေါ်က အခုချိန်မှာ ရှောင်းကျန့်ရဲ့ခွေးပေါက်လေးမဟုတ်တော့သလို၊ သခင်ကိုကာကွယ်နေတဲ့ သက်တော်စောင့်နေရာကလည်း မဟုတ်တော့ဘူး၊ ရှောင်းကျန့်ကိုပိုင်တဲ့သူဖြစ်နေပြီ၊ ကိုယ်ပိုင်တဲ့အရာကို ထိပါးလာကြရင် သူသေကိုယ်သေတိုက်ပြီးကာကွယ်ရမှာကသူ့တာဝန်ပဲ၊ ဝံပုလွေသိုက်တစ်ခုမှာ အမဲလိုက်ကြပြီဆိုရင် Wolf King က အရှေ့ဆုံးကနေပြီး ကာကွယ်ပေးရသလိုမျိုး၊ အရင်ဆုံးအစွယ်ပြပြီး တိုက်ရသလိုမျိုးပေါ့။

ဒါပေမဲ့ ရှောင်းကျန့်ဘက်ကပြန်ကြည့်ရင်တော့ ဒီလိုလုပ်လို့မရဘူး၊ ကျောက်အိမ်ကို ဘယ်လောက်ပဲ အရေခွံစုတ်ပြီး အပြတ်ရှင်းချင်နေပါစေ၊ စောင့်ကြည့်နေတဲ့သူတွေကြားမှာမို့ ပိုပြီးလက်လွတ်စပယ်လုပ်လို့မရဘူး။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now