29

8K 1.1K 66
                                    

အပိုင်း - ၂၉ -

ထိုနေ့ညက ရှောင်းကျန့်ပြန်အိပ်သွားတယ်ဆိုပေမဲ့ မကြာမကြာလန့်နိုးတတ်တာမို့ နှစ်နှစ်ခြိုက်ခြိုက်တော့ဟုတ်မနေဘူး၊ နိုးလာတိုင်းလည်း ဝမ်ရိပေါ်ကိုနိုးတစ်ဝက်အိပ်တစ်ဝက်မျက်လုံးတွေနဲ့ စိတ်မချသလိုလှမ်းကြည့်တတ်တယ်၊ ရှောင်းကျန့်လန့်နိုးသွားတဲ့အချိန်တိုင်း ဝမ်ရိပေါ်ကလည်းနိုးလာတတ်ပြီး။

"ဘာဖြစ်လို့လဲ?"

ဝမ်ရိပေါ်ရဲ့အိပ်ရာနိုးစအသံက အတော်လေးသြရှပြီး နားထောင်လို့ကောင်းတယ်၊ ဒီလိုမျိုး နူးနူးညံ့ညံ့လေးမေးလိုက်တိုင်းလည်း ရှောင်းကျန့်ကဘာမှပြန်မပြောပဲ ရယ်ပဲရယ်နေတယ်၊ အဲ့လိုအချိန်ဆို ဝမ်ရိပေါ်ကဖက်ထားပေးတဲ့လက်တွေကိုတင်းကြပ်ကာ ရှောင်းကျန့်ရဲ့ကိုယ်ကိုဖျစ်ညှစ်ပစ်တယ်၊ ရှောင်းကျန့်က အင့်ခနဲ့အသံထွက်သွားပေမဲ့ သဘောကျသလိုရယ်နေပြီး ရင်ခွင်ထဲကိုပိုပြီးတိုးဝင်လာတတ်တယ်။

နောက်တစ်ခေါက်နိုးတဲ့အချိန်ကျတော့ ရှောင်းကျန့်က အိပ်ရာထဲကနေထထွက်သွားဖို့လုပ်တယ်၊ ဒါပေမဲ့ အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ပုံပဲ၊ ဝမ်ရိပေါ်က ရှောင်းကျန့်ထက်အရင် ကုတင်အောက်ကိုဆင်းထိုင်လိုက်ပြီး။

"ဘာလုပ်ချင်လို့လဲ?"

ရှောင်းကျန့်က သန့်စင်ခန်းဘက်ကိုလှမ်းကြည့်လိုက်တယ်၊ ပြီးတော့ခေါင်းငုံ့သွားပြီး ခပ်တိုးတိုးပြောတယ်။

"ရှူးပေါက်မလို့"

ဝမ်ရိပေါ်မျက်နှာက ပြုံးတုံ့တုံ့ဖြစ်သွားပြီး ရှောင်းကျန့်ရဲ့ဒူးအောက်ကို လက်လျှိုသွင်းလိုက်တယ်၊ ဒါပေမဲ့ ရှောင်းကျန့်ကသူ့ခြေထောက်ကိုရွေ့လိုက်ပြီးပြောလာတယ်။

"ကျောပိုး"

ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့သဘောအတိုင်း ကျောပေးပြီးထိုင်ချလိုက်တယ်၊ ဒါပေမဲ့သန့်စင်ခန်းမရောက်ခင်မှာပဲ ကျောပေါ်ကနေလိုက်လာတဲ့သခင်လေးက ပြန်အိပ်ပျော်သွားပုံရတယ်၊ ဘိုထိုင်ပေါ်မှာချပေးလိုက်တော့မှသာ ရှောင်းကျန့်ပြန်နိုးလာတယ်၊ အဲ့ဒီတော့မှ ဝမ်ရိပေါ်ကိုတံခါးဘက်ကို အတင်းတွန်းလွှတ်နေရင်း။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now