အပိုင်း - ၃၂ -
ရှောင်းကျန့်ဖုန်းကိုနေရာတကျပြန်ချလိုက်တယ်၊ ဒါပေမဲ့ဖုန်းခွက်ပေါ်ဖိကိုင်ထားတဲ့လက်ကိုတော့ ပြန်မဖယ်နိုင်သေးပဲ ငြိမ်သက်နေမိတယ်။
ခြံထဲကအလုပ်သမားတွေရေလောင်းကြတဲ့အချိန်ရောက်နေပြီမို့ အသံတချို့ကြားလာရပြီ၊ ဝမ်ရိပေါ်ရဲ့အိပ်ရာပေါ်မှာထိုင်နေရင်း အလိုအလျောက်ရေဖြန်းစက်ကြောင့် လွင့်လာတတ်တဲ့ရေမှုန်တွေကိုပါ ပြတင်းပေါက်ကနေတဆင့် ရှောင်းကျန့်မြင်နေရပြီ၊ တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ သက်တန့်တွေရောပေါ့။
ဝမ်ရိပေါ်က သူ့သဘောနဲ့သူ ချီအိမ်ကိုလိုက်သွားတာတဲ့လား၊ ရှောင်းကျန့်ကိုယ်တိုင် ရင်နာနာနဲ့ လွှဲပေးရတာမျိုးမဖြစ်အောင် လုပ်ပေးသွားတဲ့သဘောပေါ့။
Alpha တစ်ယောက်ရဲ့ Rut ကာလက ၇ရက်မကျော်ဘူး၊ ဒါကြောင့် ချီအိမ်ကလည်း ကျိန်းသေပေါက်လက်ချိုးရေပြီး ရှောင်းကျန့်ကိုစောင့်နေမှာ၊ ၄ရက်မြောက်တဲ့ညကခေါ်သွားတာ၊ ဒီနေ့က Heat ရဲ့၆ရက်မြောက်နေ့ဆိုတော့ ဝမ်ရိပေါ်ထွက်သွားတာက၂ညရှိသွားပြီ။
ချီအိမ်ကမရိုးသားပေမဲ့ ဘယ်တော့မှသူတို့ကအရင် သူများထက်ဦးအောင်ပြသနာရှာပြမှာမဟုတ်ဘူး၊ ချီအဖိုးကြီးက အပြင်ပန်းမှာသာအာဏာကိုစိတ်မဝင်စားသလိုလုပ်ပြီး နာမည်ကောင်းယူနေတာ၊ ရှောင်းကျန့်ကိုအရင်က ကူညီပေးဖူးတယ်ဆိုပြီး အဖွဲ့အစည်းထဲမှာသူတော်ကောင်းနေရာကို ခြေကုတ်ယူထားတာ၊ ချီမြေခွေးအိုကြီးက သူ့ကိုယ်သူရှောင်းအိမ်နဲ့အဆင့်တူတယ်လို့တောင် တွေးနေလောက်တယ်၊ တကယ်သမာသမတ်ရှိတာမဟုတ်ပဲ မျက်နှာဖုံးစွပ်ထားတာမို့ သူ့နေရာကိုတော့ အများအမြင်မှာအရုပ်ဆိုးအောင်လုပ်မှာမဟုတ်ဘူး။
ပြောချင်တာကတော့ ချီအိမ်ကတော့ နောက်ကွယ်ကနေ သူများကိုသွေးထိုးတာမျိုးပဲလုပ်မှာ၊ ပြီးမှသွေးချောင်းစီးနေတာကို အသာလေးစောင့်ကြည့်နေပြီး အခွင့်အရေးသာရှိလာရင် သူတို့ကပဲအရင်ဆုံးသုတ်သွားလိမ့်မယ်။
ဒါကြောင့်မို့ ရှောင်းကျန့်အလျင်လိုစရာမလိုသလို၊ ဒီပုံစံအတိုင်းလည်း အလောတကြီးထွက်သွားဖို့မလိုဘူး၊ ဒီနေ့နဲ့မနက်ဖြန်၂ရက်ကျန်သေးတယ်၊ ကြွက်စုတ်တွေသည်းမခံနိုင်တော့တဲ့အဆုံး အလိုလိုထကြွလာတဲ့အထိ သူ့မှာအချိန်လုံလုံလောက်လောက်ရှိနေသေးတယ်။
YOU ARE READING
𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆 •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfiction⚠️ Omegaverse, Wolf Pack, Yizhan, BJYX I do not own this story. Translated with permission. All rights reserved to original writer : Usakii Cover Photo: 温暖之雪FLY Cover Design : NTNO1823