41

6.4K 953 108
                                    

အပိုင်း - ၄၁ -

မေလမှာတော့ ခြံထဲကရာသီပေါ်ပန်းတွေကအသစ်ဖြစ်သွားကြပြီ၊ ချယ်ရီပင်ကလည်း ပန်းတွေအကုန်ကြွေသွားပြီး အကိုင်းအခက်တွေသာကျန်တော့တယ်။

ရေချိုးခန်းထဲကရေကျသံက နားထဲမှာကျယ်ကျယ်လောင်လောင်ဖြစ်ပြီး ဆူတယ်လို့ထင်လာတာမို့ ရှောင်းကျန့်အိပ်ရာကနေလန့်နိုးသွားတယ်၊ ပြတင်းပေါက်ကဝင်လာတဲ့နေရောင်ကြောင့် အခန်းထဲမှာတော့ နွေးနွေးထွေးထွေးရှိနေတယ်၊ ဒါပေမဲ့ သူ့ဘေးကနေရာကတော့အေးစက်နေမြဲပါ။

လူကပင်ပန်းနေသလိုခံစားနေရတာကြောင့် ရှောင်းကျန့်သူ့ကိုယ်ပေါ်မှာ လျော့တိလျော့ရဲဖြစ်နေတဲ့စောင်ကို ခပ်တင်းတင်းဆွဲခြုံလိုက်မိတယ်၊ ပြီးတော့ ခေါင်းအုံးဘေးမှာထားလေ့တဲ့တီရှပ်ဆီကို လက်က အလိုလိုရောက်သွားတယ်၊ ရှောင်းကျန့်ရဲ့ဖြူသွယ်နေတဲ့လက်ကောက်ဝတ်မှာတော့ ဝမ်ရိပေါ်နဲ့အိပ်ထားတုန်းက ကျန်နေတဲ့ ခရမ်းပုပ်ရောင်အမှတ်အသားတချို့ရှိနေတယ်။

တစ်အိပ်ရာထဲအိပ်နေကြတဲ့ တခြား Alpha Omega အတွဲတွေလိုပဲရှောင်းကျန့်တို့နှစ်ယောက်ကြားမှာလည်း သွေးသားနှီးနှောတဲ့ကိစ္စတွေရှိနေတယ်ဆိုတာက ထူးဆန်းတာမျိုးတော့မဟုတ်ဘူးလေ၊ ဝမ်ရိပေါ်က သူ့ရဲ့Rut တုန်းကလိုတော့ မကြမ်းပါဘူး၊ ကိစ္စတွေပြီးသွားရင်လည်း ရှောင်းကျန့်ကိုရင်ခွင်ထဲမှာဆွဲဖက်ထားပေးပြီး အိပ်ပျော်သွားတတ်တယ်။

သူတို့နှီးနှောကြတဲ့ပုံရိပ်တွေ ရှောင်းကျန့်ရဲ့အတွေးထဲမှာပြန်ပေါ်လာချိန်မှာတော့ ဒီကိစ္စတွေထဲမှာ သူလိုချင်တာတစ်ခုခုများရခဲ့လားဆိုတဲ့အတွေးက အနောက်ကနေကပ်ပါလာမြဲပါ၊ ရှောင်းကျန့်Heat ဝင်မဲ့အချိန်က အတော်လေးနီးကပ်လာပြီမို့ ဒီလိုပုံရိပ်တွေက သူ့ရဲ့ဆန္ဒတွေကိုပိုဆိုးရုံကလွဲပြီး ဘာမှအကူအညီဖြစ်မနေဘူး၊ ဒီရက်ပိုင်းအတွင်းမှာပဲ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်က ခါတိုင်းထက်အပူချိန်ပိုများနေတဲ့အပြင် စိတ်ကလည်းပိုပြီးထိရှလွယ်နေတယ်၊ ဒါကြောင့် အကုန်ချဲ့ကားပြီး အတွေးတွေများနေတော့တာ။

"နိုးပြီလား"

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် ရှောင်းကျန့်ကိုယ်ကဆတ်ခနဲဖြစ်သွားတယ်၊ ရင်းနှီးနေတဲ့အသံမှန်းသိတာတောင် လူကဘာတွေဖြစ်နေမှန်းကိုမသိတာပါ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now