46

7.2K 961 47
                                    

အပိုင်း - ၄၆ -

ခြံထဲမှာဝဲနေတဲ့လိပ်ပြာလေးတွေ ရေကန်ဘေးမှာပန်းခြုံမှာလာနားလိုက်လို့ ပန်းပင်လေးတွေလှုပ်ခတ်သွားကြသလိုမျိုး ဝမ်ရိပေါ်ရဲ့စကားကရှောင်းကျန့်ရဲ့နှလုံးသားကို တသိမ့်သိမ့်လှုပ်ခတ်သွားစေတယ်။

မေလရောက်တိုင်း ရှောင်းအိမ်ရဲ့ခြံထဲမှာအရောင်အသွေးစုံတဲ့ပန်းပေါင်းစုံနဲ့ တကယ်ကိုခမ်းနားလှပနေတတ်တယ်၊ ရှောင်းကျန့်ခြံထဲဆင်းတိုင်း နံရံတွေပေါ်အထိတွယ်တက်နေတဲ့နွယ်ပင်အမျိုးနွယ်ဝင် ပန်းတချို့ကိုကြည့်ရင်း သူတို့ရဲ့စိတ်အားထက်သန်မှုကို သဘောတကျပြုံးမိတတ်တယ်၊ ဒါတင်မကဘူး မြင့်မားပြီးခိုင်ခံ့တဲ့ထင်းရှူးပင်တွေကိုရော၊ အားနည်းပေမဲ့လှပတဲ့ချယ်ရီပင်ကိုရော ရှောင်းကျန့်ကသဘောကျပါတယ်။

ဒီခြံရဲ့ပုံစံက သူတို့ရဲ့အရှင်သခင်ဖြစ်တဲ့ရှောင်းဝမ်းဇီနဲ့တော်တော်လေးတူတယ်လို့ ပြောလို့ရတယ်၊ အပြင်ပိုင်းကသန်မာပေမဲ့ လေပြည်တစ်ချက်အဝှေ့နဲ့တင် ချယ်ရီပွင့်ဖတ်တွေကြွေကျသွားတတ်သလိုမျိုး၊ ဝမ်ရိပေါ်ပြောလိုက်တဲ့စကားတစ်ခွန်းတည်းနဲ့တင်လည်း ရှောင်းကျန့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပဲ လမ်းပျောက်သွားတတ်တာမျိုးပါ။

ရှောင်းကျန့်ကငြိမ်နေသလို ဝမ်ရိပေါ်ဘက်ကလည်းဘာမှထပ်မပြောတော့တာမို့ အိပ်ခန်းထဲမှာတိတ်ဆိတ်နေတယ်။

အမှန်တော့ ရှောင်းကျန့်အတွက်ဒီကမ်းလှမ်းချက်ကမတရားဘူးလို့ခံစားနေစရာတော့မရှိဘူး၊ သူကိုယ်တိုင်က သူများရဲ့လက်ကိုငှါးပြီး ဝမ်ရိပေါ်ကိုဒုက္ခရောက်အောင်လုပ်ခဲ့တာကိုး၊ စိတ်မကောင်းဖြစ်တာကဖြစ်တာပဲဆိုပေမဲ့ ဝမ်ရိပေါ်သူ့ကိုလက်တစ်ဖက်ပြန်ကမ်းလာပေးတာနဲ့တင် ရှောင်းကျန့်ကကျေးဇူးတင်နေရမှာ။

ရှောင်းကျန့် ဝမ်ရိပေါ်ကိုလှည့်မကြည့်ရဲသေးတာမို့ ခေါင်းကိုငုံ့ချထားတယ်၊ စိတ်ထဲမှာအများကြီး တွန့်ဆုတ်နေတယ်ဆိုပေမဲ့ ရှောင်းကျန့်ရဲ့လက်ကတော့ အိပ်ရာပေါ်မှာသက်တောင့်သက်သာပုံစံနဲ့ချထားတဲ့ ဝမ်ရိပေါ်ရဲ့လက်ချောင်းတွေကို လှမ်းကိုင်ပြီးသွားပြီ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now