28

8K 1.1K 58
                                    

အပိုင်း - ၂၈ -

ကွဲကြေနေတဲ့ဖန်ပုလင်းလေးကတော့ လသာဆောင်ရဲ့ကြမ်းပြင်မှာကျန်နေခဲ့တယ်၊ အဖြူရောင် လိပ်ပြာလေးကတော့ ပိတ်လှောင်ထားရာကနေ လွတ်မြောက်ခွင့်ရသွားခဲ့ပြီ။

လူတစ်ယောက်ကို ဘယ်လိုသဘောကျရလဲဆိုတာ ဝမ်ရိပေါ်သေချာမသိဘူး၊ လမ်းကြားမှာလျှောက်သွားခဲ့တုန်းက ပေါင်မုန့်ကိုနေ့တိုင်းစားချင်နေခဲ့ဖူးတယ်၊ အဲ့ဒါနဲ့များ သွားဆင်နေမလား? ဒါလည်းသိပ်တော့မဖြစ်နိုင်ဘူး၊ ဘာပဲစားစားဗိုက်ဝသွားပြီဆိုရင်တော့ ဝမ်ရိပေါ်က သိပ်ကြိုက်ပါတယ်ဆိုတဲ့ပေါင်မုန့်ကိုလည်း သတိမှမရတော့တာ။

ဝမ်ရိပေါ်လိုလူမျိုးရှင်သန်နိုင်ဖို့အတွက် ရှောင်းကျန့်ကမရှိမဖြစ်လိုနေတဲ့အသက်သွေးကြောမဟုတ်မှန်းလည်းသိတယ်၊ သူ့အနားမှာ ရှောင်းကျန့်ရှိမနေဘူးဆိုရင်တောင် အသက်ကတော့ဆက်ရှင်နေအုန်းမှာပါ၊ ဒါပေမဲ့ ဒီလိုဖြစ်နေရင်တောင် ဝမ်ရိပေါ်ရှောင်းကျန့်ကိုအဆုံးရှုံးမခံနိုင်ဘူး၊ စားစရာမရှိရင် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရှိအောင်ဖန်တီးဖို့လွယ်တယ်၊ ဒါပေမဲ့ ရှောင်းကျန့်မရှိရင်ဆိုတဲ့အကြောင်းကို ဝမ်ရိပေါ်မစဉ်းစားဖူးဘူး၊ ဖြစ်ခွင့်လည်းမပြုနိုင်ဘူး။

တစ်ခုခုကိုကြိုက်လာပြီရင်တော့ လိုချင်စိတ်ပေါ်လာမှာပဲ၊ ပိုင်ဆိုင်ချင်လာမှာပဲလေ၊ ရှောင်းကျန့်ကသူ့ကိုကြိုက်တယ်ပြောလာပြီဆိုမှတော့ ရှောင်းကျန့်စိတ်ချမ်းသာသွားအောင် သူ့အသက်ကိုပေးပစ်ဖို့ နှစ်ခါထပ်ပြီးစဉ်းစားနေစရာကိုမလိုဘူး၊ ဒါကြောင့် အခုမလိုရင်တောင် လိုလာတဲ့တစ်နေ့အတွက် ဝမ်ရိပေါ်ကအမြဲတမ်းအဆင့်သင့်ဖြစ်နေမှာပါ။

ဒါကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဖက်ထားရင်းပြောလိုက်တယ်။

"မင်းဘေးမှာ အမြဲရှိနေမယ်"

မနက်ဖြန်တိုင်းမှာလည်း သူဖမ်းသမျှလိပ်ပြာလေးတွေက ရှောင်းကျန့်တစ်ယောက်တည်းအတွက်ပဲ ဖြစ်နေအုန်းမှာပဲ။

ဝမ်ရိပေါ်ရဲ့စကားအဆုံးမှာတော့ ရှောင်းကျန့်ဆီကထွက်နေတဲ့ရှိုက်သံတွေက ရုတ်တရက်ဆိုသလိုပဲတိတ်ကျသွားတယ်၊ ဝမ်ရိပေါ်လည်းအားတက်သွားပြီးဆက်ပြောတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now