အပိုင်း - ၃၃ -
ဝမ်ရိပေါ်ကို ခန်းမအလယ်ကကြိမ်ခုံမှာနေရာပေးထားတယ်၊ သူ့အနောက်မှာတော့ များစွာသောချီအိမ်ရဲ့အစောင့်တွေက သေနတ်တွေနဲ့အသင့်ချိန်ထားပြီးရပ်နေကြတယ်၊ ဝမ်ရိပေါ်ကတော့ ခုံအနောက်ကိုမှီထားရင်း အေးအေးလူလူပဲထိုင်နေတယ်၊ ထိန်းသိမ်းခံထားရတာနဲ့တောင်တူမနေဘူး၊ ဘာမှဂရုစိုက်ပုံမရတဲ့ဝမ်ရိပေါ်ကြောင့် အိမ်တော်အသီးသီးရဲ့လူကြီးမင်းတွေက လှမ်းကြည့်ချင်တာတောင် အချိန်ကြာကြာမကြည့်ရဲကြသလို၊ သိပ်လည်းကျေနပ်ကြပုံမပေါ်ဘူး။
ကြားနာမဲ့နေ့မှအပြေးအလွှားရောက်လာတဲ့ ဟေအိမ်ရဲ့အကြီးအကဲက ခြေချိတ်ထိုင်နေရင်း ဝမ်ရိပေါ်ကို လှမ်းကြည့်လိုက်တယ်၊ ဒါပေမဲ့ ရုတ်တရက် ဝမ်ရိပေါ်နဲ့အကြည့်ချင်းဆုံသွားတာမို့ မျက်နှာမြန်မြန်လွှဲလိုက်ပြီး လက်ရှိအခြေအနေကိုရှုံ့ချသလိုပြောလာတယ်။
"ရှောင်းအိမ်ရဲ့သက်တော်စောင့်ကိုဒီလိုမျိုးအကောင်းအတိုင်းမြင်ရတာဆိုတော့ ချီအိမ်ကကောင်းကောင်းဧည့်ဝတ်ပြုထားပုံပေါ်တယ်"
ဟေအကြီးအကဲက ချီမင်နဲ့သူ့အဖေကိုတိုက်ရိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်ပေမဲ့ ချီအကြီးအကဲက ပြန်ဖြေဖို့စိတ်ဝင်စားပုံမပေါ်ဘူး၊ ဒါကြောင့် ချီမင်ကအေးစက်စက်ပြုံးလိုက်ပြီး။
"ဒီလိုမထားစေချင်ရင်..ဟေအကြီးအကဲကဘယ်လိုလုပ်ထားစေချင်လို့လဲ?"
ဟေအကြီးအကဲက ချောင်းတစ်ချက်ဟန့်လိုက်ပြီး မကျေနပ်သလိုပြောတယ်။
"ချီသခင်လေးကလာနောက်နေတာလား? ဒီလိုမျိုး မျိုးနွယ်တစ်ခုရဲ့ဆက်ခံသူကို ထိခိုက်အောင်လုပ်ထားတဲ့လူမျိုးကို အချိန်မဆိုင်းပဲခေါင်းဖြတ်ပစ်ရမှာလေ.. ဘာလုပ်သင့်လဲဆိုပြီး ကျုပ်ကိုမေးခွန်းပြန်ထုတ်နေသေးတာလား?"
ချီမင်ပြန်မဖြေဘူး၊ စကားသံတချို့ထွက်ပြီးဆူနေတဲ့ခန်းမကလည်း ချက်ချင်းအသံတိတ်ကျသွားတယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ အိမ်တော်တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဆီက အသံထွက်လာတယ်။
"သခင်ကိုကာကွယ်ဖို့လုပ်တာပေမဲ့ လွန်နေတာတော့အမှန်ပဲ"
ဟေလူကြီးမင်းကဘာမှပြန်မပြောပဲငြိမ်နေပေမဲ့ ကျောက်ဖူကျယ်ရဲ့အဖေကတော့ ဒေါသတကြီးပြောလာတယ်။
YOU ARE READING
𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆 •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfiction⚠️ Omegaverse, Wolf Pack, Yizhan, BJYX I do not own this story. Translated with permission. All rights reserved to original writer : Usakii Cover Photo: 温暖之雪FLY Cover Design : NTNO1823