ABO အကြောင်း သိကြမယ်ထင်လို့ Intro မှာ မရှင်းခဲ့ မိတာပါ၊ တကယ်အားနာပါတယ်နော်။
Omegaverse (ABO) ဆိုတာက same sex အထူးသဖြင့် Boy Love/ Yaoi novel တွေမှာ ကလေးပုစိလေးတွေမွေးလို့ရအောင် ဖန်တီးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာပါ။
သူတို့ဆီမှာ Alpha(A) ,Omega(O), Beta (B) ဆိုပြီး အခြေခံ၃မျိုးရှိပါတယ်။
အဲ့ဒီအထဲမှာ -Alpha - သန်မာတယ်၊ ကိုယ့်ဆီက Pheromonesထုတ်ပြီး Alpha အချင်းချင်းတိုက်ခိုက်နိုင်တယ်၊ အားနည်းတဲ့ Omega ကို ထိန်းချုပ်နိုင်တယ်၊ Heat (လိင်စိတ်ကြွချိန်) ဝင်အောင် နှိုးဆွနိုင်တယ်၊ ကိုယ်ဝန်ရအောင် ဖန်တီးနိုင်ပါတယ်။
Alpha မှာလည်း လိင်စိတ်ကြွတဲ့အချိန်ရှိပါတယ်၊ အဲ့ဒါကို Rut ဝင်တယ်လို့ခေါ်ပါတယ်၊ ဒီအချိန်မှာ အနားမှာနေပေးရမဲ့ Omega လိုပါတယ်။Omega တွေကတော့ နူးညံ့တယ်၊ လှပတယ်၊ Pheromones ထုတ်ပြီး Alpha တွေကို ညို့နိုင်တယ်၊ ဆွဲဆောင်နိုင်တယ်၊ Heat ဆိုတာရှိပြီးကိုယ်ဝန်ဆောင်နိုင်ပါတယ်၊ Heat အချိန်မှာ sex လုပ်မိရင် ကိုယ်ဝန်နိုင်ချေများပါတယ်၊ ရကိုရမယ်မဟုတ်ပါဘူး၊ ဒါကတော့ စာရေးသူသဘောပါ 😞။
BL တွေမှာဆိုရင်တော့ ယောကျ်ားအချင်းချင်းကနေ ကလေးမွေးလို့ရအောင်လုပ်ချင်တာမို့ Omega တွေက ယောကျ်ားလေးတွေဖြစ်ကြတာများတယ်။Beta တွေက သာမန်လူတွေပါ၊ Pheromones မထုတ်နိုင်သလို, Pheromones အနံ့လည်းမရတာမို့ ထိန်းချုပ်လို့မရပါဘူး။
Pheromones ဆိုတာကတော့ Alpha Omega တွေဆီကထွက်တဲ့ ရနံ့ပါ၊တစ်ယောက်နဲ့တစ်ယောက် ထွက်တဲ့အနံ့မတူကြပါဘူး၊ ဥပမာ- ကြာပန်းရနံ့၊ ဝိုင်ရနံ့၊ စန္ဒကူးရနံ့ ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ပေါင်မုန့်၊ ကိတ်မုန့် စသဖြင့် ကြိုက်တဲ့အနံ့ရှိလို့ရပါတယ်။
Alpha နဲ့ Omega ရဲ့ Pheromones က လိုက်ဖက်ညီတာရှိသလို၊ ဆန့်ကျင်ဖက်ဖြစ်ပြီး ပေါင်းသွားတာနဲ့ အဆင်မပြေတာမျိုးတွေလည်းရှိတတ်ကြပါတယ်၊ အဲ့ဒါကိုလည်း Alpha Omega အချင်းချင်းကိုက်ညီမှုရှိမရှိစစ်လို့ရပါတယ်တဲ့။ (အစ်မက မကိုက်တဲ့ fic တစ်ပုဒ်ဖတ်ဖူးလို့ပါ)Pheromones ကို ဂုတ်ပိုးနေရာက pheromones ထုတ်တဲ့ ဂလင်း( glands) တွေကထုတ်ပါတယ်၊ Omega တွေရဲ့ ဂလင်း/ လည်ဂုတ်နေရာကို Alpha က(Sex လုပ်နေတုန်း) ကိုက်ဖောက်ပြီး သူ့ Pheromones ကိုထည့်ပေးလိုက်တာကို mark လုပ်တယ်၊ အမှတ်အသားပေးတယ်လို့ခေါ်ပါတယ်၊ ဒီလိုလုပ်လိုက်ရင် ဒီ Omega ကို ကိုက်လိုက်တဲ့ Alpha ကပိုင်သွားတယ်၊ Omega ရဲ့ Heat ကလည်း ယာယီငြိမ်သွားတတ်ပြီး တခြား Alpha တွေရဲ့ Pheromones နဲ့အညို့ခံရတဲ့အန္တရာယ်ကလည်း ယာယီရှောင်လို့ရသွားပါတယ်တဲ့။
YOU ARE READING
𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆 •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fiksi Penggemar⚠️ Omegaverse, Wolf Pack, Yizhan, BJYX I do not own this story. Translated with permission. All rights reserved to original writer : Usakii Cover Photo: 温暖之雪FLY Cover Design : NTNO1823