44

6.8K 989 169
                                    

အပိုင်း - ၄၄ -

ခပ်အေးအေးလေသံနဲ့ တစ်လုံးချင်းစီပီပီသသပြောလာတဲ့ ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့် အံ့သြပြီးဆွံ့အသွားခဲ့တယ်။

ဝမ်ရိပေါ်ဘာကိုဆိုလိုချင်မှန်း ရှောင်းကျန့်နားမလည်တာမို့ပါ၊ ဒါကြောင့် ဝမ်ရိပေါ်ကို စိတ်ရှုပ်ထွေးသွားသလို ကြည့်လိုက်မိတယ်။

"မင်းဘာပြောချင်တာလဲ?"

ဝမ်ရိပေါ်ဆီကဖိနှိပ်ခံထားရတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်က ရုန်းကန်နိုင်ခြင်းမရှိတာမို့ မွေ့ရာပေါ်မှာပုံလျက်သားလေးလဲနေတယ်၊ မိုးပြာရောင်ဖျော့ဖျော့ညဝတ်အင်္ကျီက ရှောင်းကျန့်ရဲ့ကိုယ်ပေါ်မှာ ဖရိုဖရဲဖြစ်ကျန်နေတယ်၊ ဒီလိုပုံစံကပဲသူ့ကိုပိုပြီး ဂရုဏာသက်စရာကောင်းသွားစေတယ်၊ သူတို့နှစ်ယောက်လုံးမလှုပ်ရှားမိကြပဲ အတန်ကြာတိတ်ဆိတ်နေကြတယ်။

ဝမ်ရိပေါ်ကဘာမှပြန်မပြောပဲ ရှောင်းကျန့်ဆီကနေမျက်နှာလွှဲသွားတယ်၊ အိပ်ခန်းထဲမှာပြည့်နှက်နေအောင် လွှတ်ထုတ်ထားတဲ့ Pheromones တွေကိုလည်း ဝမ်ရိပေါ်ကချက်ချင်းပြန်ရုတ်သိမ်းလိုက်တယ်၊ ဆန်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်တဲ့ ဝမ်ရိပေါ်ရဲ့လက်တွေကို ရှောင်းကျန့်က လမ်းတစ်ဝက်ကနေလှမ်းဆွဲထားလိုက်တယ်။

ရှောင်းကျန့်ရဲ့မျက်တောင်ဖျားတွေက တဖျတ်ဖျတ်ခတ်နေတယ်၊ မေးလိုက်တဲ့အသံကအားပျော့နေပေမဲ့ အလျင်စလိုပုံစံပေါက်လာတယ်။

"ငါရောတကယ်ဟုတ်ရဲ့လားဆိုတာက ဘာစကားလဲ.. မင်းမေ့သွားတာနဲ့ပဲ..မင်းမမှတ်မိတော့တာနဲ့ပဲ.. စကားကိုဒီလိုမျိုးလက်လွတ်စပါယ်ပြောလို့ရမလား... မင်းမမှတ်မိလည်းငါမှတ်မိနေတယ်လေ.."

ရှောင်းကျန့်ဆီကစကားတွေဆက်တိုက်ပြောနေတဲ့အချိန်မှာပဲ မျက်ရည်တွေကအိခနဲကျလာတာမို့ စောင်ကိုမလိုက်ပြီး မျက်ရည်တွေကိုသုတ်ချလိုက်တယ်။

၁၁နှစ်တာရဲ့ဘယ်ရက်မှာများ ဝမ်ရိပေါ်သူ့ကိုစပြီးဂရုစိုက်ပေးခဲ့တာလို့ပြောပြရမလဲ? ဘယ်တုန်းကိစ္စကို စပြောပေးရမလဲ? ရှောင်းကျန့်ကသိတာကတော့ ဝမ်ရိပေါ်ကရှောင်းကျန့်ကို အရမ်းဂရုစိုက်ပေးတယ်၊ ဒါကလည်း သူ့တစ်ယောက်တည်းကိုပဲကောင်းပေးခဲ့တာ၊ ဒီလိုမျိုး တခြားတစ်ယောက်ယောက်နဲ့ အစားထိုးဖို့မဖြစ်နိုင်တဲ့ဝမ်ရိပေါ်ကိုပဲရှောင်းကျန့်ကသိတာ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now