49

7.4K 895 38
                                    

အပိုင်း - ၄၉ -

အလှဆုံးသောအရာတွေကိုပဲပိုင်ဆိုင်ထားတဲ့ ရှောင်းကျန့်ရဲ့ရုပ်ရည်သွင်ပြင်က ချောလွန်းတယ်ဆိုပြီး သူတို့အသိုင်းအဝိုင်းကြားမှာ မကြာမကြာချီးကျူးခံရလေ့ရှိတယ်၊ များသောအားဖြင့်ပြုံးပြုံးလေးနေတတ်တာရယ်၊ ဝမ်ရိပေါ်လိုမျိုး စူးရှပြီးအေးစက်နေတဲ့အရှိန်အဝါမရှိပဲ နူးညံ့နွေးထွေးတဲ့ပုံစံမျိုးကြောင့် မြေအောက်လောက်ကရဲ့ ရှောင်ဝမ်းဇီဆိုတဲ့နေရာနဲ့တောင် မလိုက်ဖက်ဘူးဆိုပြီး မရဲတရဲဝေဖန်ကြတာမျိုးတောင်ရှိတယ်။

ဒါပေမဲ့ ဒီလိုအပေါ်ယံအလှတွေရဲ့အောက်မှာ ပုပ်သိုးဆွေးမြေ့ပြီး ယင်တလောင်းလောင်းဖြစ်နေတဲ့ အရုပ်ဆိုးအကျည်းတန်တဲ့အရာတွေနဲဲဲဲဲ့ ပြည့်နေတယ်ဆိုတာကို ရှောင်းကျန့်ကိုယ်တိုင်ထက် ဘယ်သူကများ ပိုသိအုန်းမှာတဲ့လဲ။

ရှောင်းကျန့်ရဲ့ အစိတ်စိတ်အမွှာမွှာပျက်ဆီးနေတဲ့နှလုံးသားက ရက်စက်ပါတယ်ဆိုတဲ့အရာအားလုံးထက် ကြမ်းကြုပ်တယ်၊ ဝန်ရိုးစွန်းဆောင်းရဲ့ရေခဲတောင်တွေထက်ပိုပြီး အရည်ပျော်ဖို့ခက်ခဲတယ်ဆိုပြီး ရှောင်းကျန့်ကိုယ်တိုင်ကတောင် သတ်မှတ်ထားခဲ့တာ၊ ဒါကို ဝမ်ရိပေါ်တစ်ယောက်တည်းကပဲ နွေးထွေးမှုတွေနဲ့ အရည်ပျော်စေခဲ့တာဆိုပြီး ရှောင်းကျန့်ကတွေးခဲ့မိတယ်။

ဒါပေမဲ့ ဒီနေ့သိလိုက်ရတာက သူတချိန်လုံးထင်ထားတာက မှားနေခဲ့တယ်ဆိုတာပဲ။

စူးရှပြီးထက်မြနေတာက ဝမ်ရိပေါ်ရဲ့အပေါ်ယံရုပ်ရည်သွင်ပြင်တစ်ခုတည်းမဟုတ်ခဲ့ဘူး၊ သူ့ရဲ့ကိုယ်ရောစိတ်ကပါ သေချာသွေးထားတဲ့ဓားထက်ထက်တစ်ချောင်းလိုဖြစ်နေတာ၊ ဒီနှစ်တွေမှာ ဝမ်ရိပေါ်ကအနားမှာအတူရှိနေခဲ့ရင်း၊ ရှောင်းကျန့်ရဲ့နှလုံးသားထဲမှာနေထိုင်ရင်း မပျော်ကျနိုင်တဲ့ရေခဲထုကို အဲ့ဒီဓားနဲ့တိတ်တဆိတ်ခြစ်ချနေခဲ့တာ၊ နောက်ဆုံးတော့ အက်ကွဲကြောင်းတွေဖြစ်လာပြီး ရှောင်းကျန့်ကိုယ်တိုင်တောင်ရှိနေမှန်းမသိလိုက်တဲ့နူးညံ့ခြင်းတချို့ စိမ့်ထွက်လာခဲ့တဲ့အထိပဲ။

ရှောင်းကျန့် နှုတ်ကနေခပ်တိုးတိုးရေရွတ်လိုက်တယ်။

"မင်းတစ်ယောက်တည်းအတွက်ပဲ.. မင်းတစ်ယောက်တည်းနဲ့တင်လုံလောက်တယ်.. မင်းအနားမှာ ရှိနေပေးရင်ရပါပြီ"

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now