25

8.7K 1.1K 50
                                    

အပိုင်း - ၂၅ -

အမှန်တော့ ဝမ်ရိပေါ်ရပ်ခိုင်းတဲ့အချိန်မှာ သူတို့ကားက ကျောက်အိမ်ရဲ့နယ်နိမိတ်ထဲကနေမထွက်ရသေးဘူး၊ ဒါကြောင့် ဒရိုက်ဘာလည်းမရပ်ရဲသေးပဲ ကြောက်ကြောက်နဲ့ဆက်မောင်းနေရတယ်၊ ဝမ်ရိပေါ်လည်း အခြေအနေကိုရိပ်မိသွားတာကြောင့် ရှောင်းကျန့်နားကပ်ပြီး ချော့မြှူသလိုခပ်တိုးတိုးခေါ်လာတယ်။

"သခင်လေး"

ဝမ်ရိပေါ်ရဲ့အသံက အတက်အကျသိပ်မရှိပေမဲ့ 'သခင်လေး'ဆိုတဲ့ခေါ်သံကတော့ သကာရည်လောင်းထားသလိုချိုမြိန်ပြီး သိပ်ကိုနားထောင်လို့ကောင်းတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်အနားကပ်ပြီးခေါ်လိုက်တာမို့ ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းလုံးလုံးလေးက ရှောင်းကျန့်ရဲ့ပူလောင်နေတဲ့နားရွက်ဖျားတွေကိုပါ ပွတ်တိုက်သွားတယ်၊ ထိုခဏမှာပဲ ပန်းရနံ့တွေလည်းထပ်ပြီးထွက်လာတာမို့ မြစိမ်းရောင်တောအုပ်လေးထဲမှာ နွေဦးပန်းတွေအလုအယက်ပွင့်ကုန်ကြတော့တယ်။

သူ့ပတ်ဝန်းကျင်မှာတဖြည်းဖြည်းလွှမ်းခြုံလာတဲ့ သစ်ပင်နွယ်ပင်တွေရဲ့ရနံ့ကြောင့် ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကပိုပြီးတုန်ယင်လာတယ်၊ ဒါကြောင့် လက်တွေနဲ့ ဝမ်ရိပေါ်ရဲ့အင်္ကျီကိုမလွတ်တန်းဆွဲဆုပ်ထားရင်း ခေါင်းကိုရင်ခွင်ထဲပိုတိုးဝင်ဖို့လုပ်လာတယ်၊ ဝမ်ရိပေါ်ရဲ့အောက်ခံတီရှပ်ကတော့ အတော်လေးရွဲ့စောင်းသွားပြီး နောက်ဆုံးပခုံးဒဏ်ရာကိုပတ်ထားတဲ့ပတ်တီးပါပေါ်လာတဲ့အထိပဲ။

ဝမ်ရိပေါ်က သူ့ရဲ့အပေါ်ဝတ်ကိုချွတ်ပစ်လိုက်ပြီး ရှောင်းကျန့်ရဲ့ခေါင်းပေါ်မှာလွှားလိုက်တယ်၊ ပြီးတော့ အပေါ်ကနေတင်းတင်းဖက်ထားပြီး ရှောင်းကျန့်ကိုလှုပ်မရအောင် ချုပ်ထားလိုက်တယ်၊ ရှောင်းကျန့်က လှုပ်ရှားလို့မရတော့တာမို့ စိတ်တိုတိုနဲ့ သူ့ပါးစပ်နဲ့နီးနီးကပ်ကပ်ရှိနေတဲ့ ဝမ်ရိပေါ်ရဲ့ပခုံးကိုကိုက်ပစ်တယ်၊ သတိလက်လွတ်နဲ့ကိုက်လိုက်တာမို့ သွေးတွေပါစို့တက်လာတော့တယ်။

ကျောက်အိမ်ရဲ့နယ်နိမိတ်အပြင်ဘက် စိတ်ချရတဲ့နေရာရောက်သွားချိန်မှာတော့ ဒရိုက်ဘာက ကားကိုလမ်းဘေးမှာဆင်းရပ်လိုက်ပြီး နောက်ကြည့်မှန်ကနေတဆင့် အနောက်ခန်းကိုသတင်းပို့သလိုလှမ်းကြည့်လာတယ်၊ ဝမ်ရိပေါ်ကတော့ သူ့ကိုကြည့်မနေဘူး၊ မျက်နှာကလည်း ခံစားချက်မရှိသလို အေးစက်တောင့်ခဲနေတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now