26

8.7K 1.1K 97
                                    

အပိုင်း - ၂၆ -

ရှောင်းအိမ်တော်ကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မီးတွေထိန်လင်းနေအောင် ထွန်းထားလေ့ရှိတယ်။

ဝမ်ရိပေါ်က ကားကိုခြံနောက်ဘက်အထိမောင်းဝင်သွားပြီး တံခါးနားမှာရပ်လိုက်တယ်၊ တံခါးရှေ့မှာအသင့်စောင့်နေတဲ့သက်တော်စောင့်က ကားတံခါးကိုပြေးဖွင့်ဖို့လုပ်တယ်၊ ဝမ်ရိပေါ်ကကားထဲကထွက်လာပြီး။

"မလိုဘူး"

သက်တော်စောင့်ကောင်လေးလည်း ဝမ်ရိပေါ်ပြောတဲ့အတိုင်း ကားနားထိမလာတော့ပဲ ဘေးမှာသာကပ်ပြီးရပ်နေလိုက်တယ်၊ ဒါပေမဲ့ ဝမ်ရိပေါ်ကကားတံခါးကိုမဖွင့်သေးပဲ သူ့ကိုလှည့်ကြည့်လာတာမို့ ဘာပြောချင်မှန်း တန်းသိသွားတယ်၊ ဒါကြောင့် ဝမ်ရိပေါ်ကိုအရိုအသေပေးကာ တခြားသူတွေကိုပါခေါ်သွားပြီး နေရာကနေထွက်သွားတော့တယ်။

ဝမ်ရိပေါ်တံခါးဖွင့်လိုက်တော့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့တီရှပ်ကိုရင်ဘက်မှာပိုက်ထားရင်း ကွေးကွေးလေး အိပ်ပျော်နေတာကိုတွေ့လိုက်ရတယ်၊ ဝမ်ရိပေါ်ကတီရှပ်ကိုဆွဲယူလိုက်တော့ ရှောင်းကျန့်က အသံမျိုးစုံပေးပြီး အင်္ကျီကိုပြန်ဆွဲထားတယ်၊ ပြီးတော့ ပေပွနေတဲ့တီရှပ်မှာလည်း မျက်နှာအပ်ထားလိုက်သေးတယ်။

ဝမ်ရိပေါ်လည်း ဘာမှမတတ်နိုင်တော့ပဲ ရှောင်းကျန့်စိတ်တိုင်းကျပေးထားလိုက်ရတော့တယ်။

မနိုးသေးတာမို့ ရှောင်းကျန့်လိုအရပ်ရှည်တဲ့လူကို ကားထဲကသယ်ထုတ်ရတာ ဝမ်ရိပေါ်အတွက်တောင်နည်းနည်းခက်တယ်၊ အပြင်ရောက်ချိန်မှာတော့ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုစောင်နဲ့သေချာဖုံးပေးပြီး ခြံထဲကိုချီပြီးလျှောက်လာတယ်။

ကားအတွင်းနဲ့အပြင် အပူချိန်ကွာခြားချက်ကများတာကြောင့် ရှောင်းကျန့်နိုးလာတယ်၊ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ရွေ့နေတဲ့ကောင်းကင်မဲမဲကြီးကိုမြင်နေရတာမို့ တစ်ယောက်ယောက်ကသူ့ကိုချီပြီး လမ်းလျှောက်နေမှန်းသိလိုက်တယ်၊ သူ့ရဲ့ညာဘက်လက်မှာတော့ ဝမ်ရိပေါ်ရဲ့တီရှပ်ကိုကိုင်ထားတုန်းပါပဲ၊ လေတွေလာတိုးနေတာမို့ ရှောင်းကျန့်ရဲ့မျက်နှာက တဖြည်းဖြည်းအေးလာတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now