56

7.6K 915 86
                                    

အပိုင်း - ၅၆ -

ဝမ်ရိပေါ်စကားပြောနေစဉ်မှာပဲ ဦးခေါင်းကိုဘေးဘက်ကို အမြန်စောင်းချလိုက်ရတယ်၊ သူ့နားရွက်နားကနေ လေအလျင်နဲ့ဖြတ်ထွက်သွားတဲ့ကျည်ဆန်ကြောင့် နားထဲမှာအူထွက်သွားတဲ့အပြင် နှာသီးဖျားမှာလည်း ဆံပင်မီးကျွမ်းသွားသလို ညော်နံ့မျိုးရလိုက်တယ်။

ဝမ်ရိပေါ်ရှောင်းကျန့်ကိုပြန်မပစ်ပဲ ခေါင်းစောင်းလျက်အနေအထားအတိုင်း ရှောင်းကျန့်ကိုကြည့်နေတယ်၊ နှုတ်ခမ်းတွေကတော့ မထီမဲ့မြင်ပုံနဲ့အပေါ်ကို ညွတ်ကွေးတက်နေပြီး စူးရှတဲ့မျက်ဝန်းတွေရဲ့ တစ်ဝက်လောက်ကိုတော့ မျက်တောင်ရှည်တွေကကာရံပေးထားတယ်။

ရှောင်းအိမ်ရဲ့သက်တော်စောင့်တွေက ဝမ်ရိပေါ်ကို သေနတ်တွေနဲ့သာချိန်ထားရတယ်ဆိုပေမဲ့ စိတ်ထဲမှာတော့ အကျပ်ရိုက်ပြီးမဝံံမရဲဖြစ်နေကြရှာတယ်။

ဝမ်ရိပေါ်က ရှောင်းအိမ်မှာသက်တော်စောင့်အဖြစ်နဲ့ ၁၂နှစ်နီးပါးနေလာခဲ့တာ၊ ပြောရရင်သူတို့အားလုံးရဲ့ ခေါင်းဆောင်လိုနေရာကလူမျိုးပဲ၊ သူတို့နဲ့ဝမ်ရိပေါ်ရဲ့ အကြီးမားဆုံးကွာခြားချက်ကတော့ ဝမ်ရိပေါ်က ရှောင်းဝမ်းဇီရဲ့အနီးကပ်လူယုံ၊ နောက်ပြီး ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်နဲ့ပတ်သက်လာရင် ဘယ်လိုမျိုးပြုမူတတ်လဲဆိုတာ သူတို့အားလုံးမျက်မြင်ပဲ။

ဝမ်ရိပေါ်ကို သက်တော်စောင့်လို့သာနာမည်တပ်ထားတာ တကယ်တော့ရှောင်းကျန့်ရဲ့သေခြင်းရှင်ခြင်းက ဝမ်ရိပေါ်ရဲ့လက်ထဲမှာတစ်ချိန်လုံးရှိနေခဲ့တာမို့ ဝမ်ရိပေါ်က ရှောင်းအိမ်အတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လိုလူမျိုးပဲ။

နောက်ပြီး ဝမ်ရိပေါ်ဘယ်လောက်ရက်စက်ကြောင်း ကောင်းကောင်းသိကြတာကြောင့်လည်း သူတို့က ရှောင်းကျန့်သဘောကျသေချာလေးရွေးချယ်ထားတဲ့ သက်တော်စောင့်တွေဖြစ်နေရင်တောင်၊ ရှောင်းအိမ်အတွက်သစ္စာဆိုထားတဲ့လူတွေဖြစ်နေရင်တောင် ဘယ်သူမှလက်လွတ်စပါယ်မလှုပ်ရှားရဲကြဘူး။

ကျန်တာမသေချာရင်တောင် ဝမ်ရိပေါ်ရဲ့စိတ်နည်းနည်းလောက်အခန့်မသင့်ဖြစ်သွားတာနဲ့ သူ့လက်ချောင်းတွေကြားမှာလှည့်ပြီးဆော့နေတဲ့ဓားမြှောင်က သူတို့ရဲ့လည်ပင်းကသွေးကြောတွေကို တိခနဲပြတ်သွားအောင်လုပ်နိုင်မှန်းတော့ ၁၀၀ရာခိုင်နှုန်းသေချာတယ်လေ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now