19

8K 1.2K 186
                                    

အပိုင်း - ၁၉ -

ရှောင်းကျန့်ဘာတစ်ခွန်းမှကိုမတုံ့ပြန်နိုင်သေးပဲ မတည်မငြိမ်ဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ သူ့အရှေ့ကကောင်လေးကို ငေးကြည့်နေမိတယ်၊ အခုလက်ရှိ ရှောင်းကျန့်စိတ်ထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတာကို သူကိုယ်တိုင်တောင်မရှင်းလင်းဘူး။

ဒီကောင်လေးက ဝမ်ရိပေါ်၊ တစ်လောကလုံးရဲ့အရှေ့မှာ ဘယ်လိုပဲသားရဲလိုမျိုးကြမ်းကြုတ်နေပါစေ၊ ရှောင်းကျန့်အရှေ့ရောက်ရင်တော့ သူ့ရဲ့အစွယ်တွေကိုအမြဲဖွက်ထားတတ်တဲ့ကလေး။

သူတို့လောကမှာ Top A ဆိုတာက အမြင့်ဆုံးနဲ့အသာလွန်ဆုံးအရည်အသွေးကိုပိုင်ထားတဲ့ ဘုရင်နေရာကလူမျိုး၊ ဘယ်သူကမှ Top A ကိုပြန်မလှန်နိုင်ဘူး၊ ဒီလိုရှားပါးတဲ့ Top Aတစ်ယောက်ကို မွေးဖွားပေးနိုင်ချေကလည်း အလွန်နည်းတယ်။

ရှောင်းကျန့်မှတ်မိသလောက် သူ့ပါးက Top A၊ ဒါကြောင့် Top A နဲ့ Dominant Omegaကမွေးလာတဲ့ရှောင်းကျန့်ကို လူတွေအားလုံးက Top A ဖြစ်လာမယ်ဆိုပြီးထင်ထားခဲ့ကြတယ်။

ဟိုအရင် ရှောင်းမျိုးနွယ်အကြီးအကဲတွေအိမ်မှာစုပြီး ပြသနာတစ်ခုခုကိုဖြေရှင်းကြရင်း အငြင်းပွားလာပြီဆိုရင် သူ့ပါးတစ်ချက်လှမ်းကြည့်လိုက်တာနဲ့ အကုန်လုံးအသံမထွက်ရဲတော့ပဲငြိမ်ကျသွားတတ်တာမျိုး၊ တစ်ခါတလေ သူ့အလိုလိုမြေကြီးပေါ်ကို ဒူးထောက်ကျသွားတာမျိုး စတဲ့အဖြစ်အပျက်တွေကို ရှောင်းကျန့်အကြိမ်မနည်းမြင်ဖူးတယ်၊ ဒါကလည်း ပါးကမျိုးနွယ်ရဲ့အကြီးအကဲတစ်ယောက်မို့ အားလုံးကကြောက်တာဆိုပြီး သူထင်ထားခဲ့တာ၊ ဒါပေမဲ့မားကတော့ပြုံးနေရင်း ရှောင်းကျန့်ထင်သလို မဟုတ်ကြောင်း ပြောပြဖူးတယ်။

အဲ့ဒီတုန်းကမားပြောတာကို ရှောင်းကျန့်နားမလည်ခဲ့ဘူး၊ အခုတော့ သေချာသိသွားပြီ၊ ရှောင်းကျန့်ခေါ်လာတဲ့ အကောင်ပေါက်လေးက သူတို့အားလုံးကိုထိန်းချုပ်ထားနိုင်တဲ့ Top A ဖြစ်နေခဲ့တာ၊ အမှန်တော့ ကျောက်ဖူကျယ်ရဲ့လက်အချိုးခံလိုက်ရကတည်းက ရှောင်းကျန့်သိသွားတာပါ၊ ကျောက်ဖူကျယ်လို Dominant Alpha က သက်တော်စောင့်တစ်ယောက်ဆီမှာ အကြီးအကျယ်ရှုံးသွားတာက တကယ်ကိုမယုံနိုင်စရာကောင်းလွန်းတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now