🍽
.
.
.
.
.
.
.
.
.
.
.
.
.အပိုင်း - ၅ -
ပိုပြီးသိပ်သည်းထူထဲလာတဲ့ အိပ်ခန်းထဲကလေထုကြားမှာ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်က သိသိသာသာကိုဖိနှိပ်ခံထားရတယ်၊ သဲကန္တာရထဲမှာရောက်နေသလိုမျိုး ရှောင်းကျန့်ရဲ့အရေပြားတစ်ထောက်စာတိုင်းက ပူပြင်းခြောက်သွေ့ကာ ထိတွေ့နေသမျှအရာတွေအားလုံးကို အာရုံခံစားလို့ရနေသည်အထိ ထိရှလွယ်နေတယ်။
ရှောင်းကျန့်ကြောက်လန့်တကြားဖြစ်သွားပြီး အိပ်ရာပေါ်မှာဖြည်းဖြည်းချင်းထထိုင်ဖို့ကြိုးစားလိုက်တယ်၊ ဒါပေမဲ့ မွေ့ရာပေါ်ကိုထောက်လိုက်မိတဲ့လက်က ပုံမှန်မဟုတ်ပဲ သိသိသသာသာကိုအားပျော့ပြီးနေတာကို သတိထားမိလိုက်တယ်၊ ပိုဆိုးတာက ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေဆီကနေအကြည့်လွှဲလိုက်လို့မရတာပဲ။
လရောက်အောက်မှာမြင်ရတဲ့ဝမ်ရိပေါ်ရဲ့မျက်ဝန်းညိုတွေက ခါတိုင်းအချိန်ထက် အများကြီးပိုပြီးဖျော့တော့နေတယ်၊ ရှောင်းကျန့်ကို မျက်တောင်မခတ်တမ်းစူးစိုက်ကြည့်နေတဲ့အကြည့်ကလည်း ဝံပုလွေတစ်ကောင်ကသူ့ရဲ့သားကောင်ကို မသုံးဆောင်ခင်အရသာခံပြီးကြည့်နေတဲ့အတိုင်း ပိုင်စိုးပိုင်နင်းဆန်လွန်းတယ်။
ရှောင်းကျန့်ဘဝမှာ ဒီလိုမျိုးမျက်ဝန်းမျိုးအကြည့်မျိုးတစ်ခါမှမတွေ့ဖူးဘူး၊ ဝမ်ရိပေါ်ရဲ့ဒီလိုပုံစံကိုလည်းသူမရင်းနှီးဘူး၊ ရှောင်းကျန့်အတော်လေးထိတ်လန့်ပြီးဆွံ့အနေမိတယ်၊ ကြောက်စရာကောင်းတဲ့အားတစ်ခုရဲ့ဖိနှိပ်မှုအောက်ကိုရောက်နေမှန်းသိလိုက်တာကြောင့် တရိပ်ရိပ်ထိုးတက်လာတဲ့စိုးရိမ်စိတ်နဲ့အတူ ရင်ဘက်အစုံကလည်းပရမ်းပတာခုန်ပေါက်နေတော့တယ်။
Omega ဖြစ်လာမယ်လို့ ရှောင်းကျန့်တစ်ချိန်လုံးလွဲမှားယူဆခဲ့တဲ့ကောင်လေးက Alpha တစ်ယောက်ဖြစ်နေခဲ့တာ၊ ပြီးတော့သူ့ရဲ့ဖိနှိပ်နိုင်တဲ့စွမ်းအားကလည်း တခြားAlpha တွေတောင်မယှဉ်နိုင်တဲ့အဆင့်မှာလား။
လိမ်ပြောတာကသစ္စာဖောက်ခြင်းရဲ့လမ်းစပဲ။
Omega ကို Heat ဝင်အောင်ဖိအားပေးနိုင်တာက Alpha တစ်ယောက်ရဲ့ အနိမ့်ဆုံးအရည်အချင်းပါ၊ ဘယ်လိုပဲထိန်းထားပါစေ အတင်းဖိအားပေးမှုကိုမလွန်ဆန်နိုင်တာကြောင့် လည်တိုင်အနောက်ဘက်မှာရှိတဲ့ ရနံ့ထုတ်ဂလင်းဆီကနေ တစိမ့်စိမ့်ထွက်လာတဲ့ရှောင်းကျန့်ရဲ့ကိုယ်ပိုင်pheromone ရနံ့ကလည်း အိပ်ခန်းထဲမှာကြာလေပိုပြင်းထန်လာလေပဲ၊ ဒါတင်မကသေးဘူး၊ စောင်အောက်မှာဖုံးထားတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကလည်း ပူလောင်မှုရမက်ကြောင့်တွန့်လိမ်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းတောက်လျှောက်မှာလည်း ရှက်စရာကောင်းလောက်အောင်စိုရွဲနေခဲ့ပြီ။
YOU ARE READING
𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆 •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfiction⚠️ Omegaverse, Wolf Pack, Yizhan, BJYX I do not own this story. Translated with permission. All rights reserved to original writer : Usakii Cover Photo: 温暖之雪FLY Cover Design : NTNO1823