48

7.3K 983 47
                                    

အပိုင်း - ၄၈ -

ဝမ်ရိပေါ်ကတော့ အရင်လိုပါပဲ၊ ရှောင်းကျန့်ကိုဘာမှပြန်မပြောပဲ ငေးကြည့်နေတယ်၊ ရှောင်းကျန့်ကလည်း ဒီလိုတိတ်ဆိတ်နေတဲ့ပုံစံနဲ့အသားကျနေပြီးသားမို့ အထူးတလည်တွေးမနေတော့ဘူး၊ ဒီအကြောင်းတွေက ဝမ်ရိပေါ်ကိုယ်တိုင်တောင်မမှတ်မိတော့တဲ့အကြောင်းအရာတွေ ဖြစ်ကုန်ပြီမလား။

ဒါပေမဲ့ စိတ်ထဲရှိသမျှဖုံးကွယ်ထားခြင်းမရှိပဲ ပြောပြခွင့်ရသွားလို့ ရှောင်းကျန့်စိတ်ထဲအတော်လေးပေါ့ပါးသွားတယ်၊ ဝမ်ရိပေါ်ကတော့ရှောင်းကျန့်ကိုကြည့်နေတုန်းပဲ၊ အခန်းထဲမှာတော့ အပ်ကျသံကြားရလောက်တဲ့အထိ တိတ်ဆိတ်နေခဲ့တယ်၊ ရှောင်းကျန့်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ဝမ်ရိပေါ်ကိုပြည့်ကြည့်နေမိတယ်။

ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတစ်ထောင့်စွန်းတစ်ဖက်က အပေါ်ကိုကွေးတက်သွားတယ်၊ ပြီးတော့ သူ့ရဲ့လက်ကိုဆန့်ထုတ်လာပြီး လက်ညိုးကွေးလေးနဲ့ ရှောင်းကျန့်ရဲ့မေးစေ့ကို အသာအယာပင့်မော့လိုက်တယ်၊ ရှောင်းကျန့်နည်းနည်းတော့ရှက်ပေမဲ့ ရှောင်လိုက်တာမျိုးတော့မလုပ်မိဘူး၊ သူ့ရဲ့နားရွက်ဖျားတွေကတော့ သိသိသာသာကိုနီရဲနေခဲ့ပြီ၊ ဒါကိုသတိထားမိသွားတော့ ဝမ်ရိပေါ်ရဲ့အပြုံးက ပိုပြီးနက်ရှိုင်းသွားတယ်။

"မင်းငါ့ကိုသတ်ဖို့လုပ်တာနဲ့ ငါကရှောင်းအိမ်ကိုဖျက်ဆီးလိုက်တာနဲ့မှာ ဘယ်ဟာပိုလွယ်ကူမယ်လို့ထင်လဲ?"

ရှောင်းကျန့်ခဏလောက်တော့ ဆွံ့အသွားတယ်၊ ပြီးတော့မှ ခပ်ပြုံးပြုံးပြန်ဖြစ်သွားပြီ။

"Top A ကအပြောကြီးလိုက်တာ"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုခွန့်တုံ့ပြန်ပြီး အသံထွက်ရယ်လိုက်တယ်။

"အမှန်ကိုပြောပြတာ"

ပြီးတော့ ရှောင်းကျန့်ရဲ့မေးကို ထိန်းကိုင်ထားတဲ့လက်ကို နည်းနည်းလှုပ်ရှားလိုက်ရင်းဆက်ပြောတယ်။

"ဒီလိုမှမဟုတ်ရင် ရှောင်းဝမ်းဇီလိုလူမျိုးက ဘာလို့ငါ့ကိုဒီလောက်ကြောက်နေစရာလိုမှာလဲ?"

ဝမ်ရိပေါ်ရဲ့ရယ်သံစွက်နေတဲ့စကားအဆုံးမှာ ရှောင်းကျန့်ရဲ့မျက်တောင်ဖျားတွေက မသိမသာလေးတုန်ယင်သွားတယ်၊ လှောင်ပြောင်သရော်ချင်သလိုမျက်နှာနဲ့ကြည့်နေတဲ့ဝမ်ရိပေါ်ရဲ့နှုတ်ကနေ ရှောင်းဝမ်းဇီဆိုတဲ့ ဒီအသုံးအနှုန်းမျိုးထွက်ကျလာတော့ ရှောင်းကျန့်ရဲ့ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းတွေ ထမြည်ကုန်တယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now