43

6.9K 980 58
                                    

အပိုင်း - ၄၃ -

ကြမ်းတမ်းတဲ့နှီးနှောမှုတွေရဲ့အဆုံးမှာ Omega အများစုဟာ သာယာမှုအပြင်နာကျင်မှုတွေပါတွဲပြီးကျန်နေခဲ့တတ်တယ်၊ ဒါကြောင့် ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကလည်း တည့်တည့်ထိုင်မနေနိုင်တော့လောက်အောင် နွမ်းနယ်နေတော့တယ်။

ရေချိုးသန့်စင်တဲ့ကိစ္စတွေပြီးသွားတဲ့အချိန်ထိ ရှောင်းကျန့်က ဝမ်ရိပေါ်ဘက်ကိုပြန်ပြီးလှည့်မလာခဲ့ဘူး၊ ဝမ်ရိပေါ်ကလည်းဘာမှမပြောမိဘူး၊ ရေချိုးကန်ထဲကနေ ပြန်ခေါ်သွားဖို့လုပ်ချိန်မှာတော့ ရှောင်းကျန့်တစ်ယောက်အိပ်မောကျနေခဲ့ပြီ၊ ရှောင်းကျန့်ကိုဝမ်ရိပေါ်ပွေ့ချီလိုက်ချိန်မှာတော့ နူးညံ့ပြီးစကားနားထောင်တဲ့ Omega တစ်ယောက်လို Alpha ရဲ့လက်မောင်းကိုမှီပြီးပါလာခဲ့တယ်။

ဝမ်ရိပေါ်က စင်ပေါ်ကသဘက်ကိုဆွဲယူကာ ရှောင်းကျန့်ကိုယ်ပေါ်မှာလွှားပေးလိုက်ရင်း အိပ်ခန်းထဲကိုပြန်ခေါ်လာတယ်၊ ကုတင်ဘေးကကော်ဇောထူထူပေါ်မှာ အထိုင်ချထားကာ ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ထားရင်း ရှောင်းကျန့်ရဲ့စိုနေတဲ့ဆံပင်တွေကို Dryer နဲ့အသာအယာမှုတ်ပြီး အခြောက်ခံပေးနေတယ်။

အိပ်ချင်မူးတူးဖြစ်နေတဲ့အမျိုးသားကတော့ Dryer ကလာတဲ့အသံကြောင့် ဝမ်ရိပေါ်ရဲ့လက်မောင်းကြားထဲကို အလိုလိုတိုးဝင်လာတယ်၊ မျက်နှာကိုလည်း ဝမ်ရိပေါ်ရဲ့လည်ပင်းနဲ့ပခုံးကြားကနေရာလွတ်မှာ ဖွက်ထားလိုက်သေးတာမို့ ရှောင်းကျန့်ရဲ့စိုနေတဲ့ဆံနွယ်တွေက ဝမ်ရိပေါ်ရဲ့လည်တိုင်နဲ့ပါးတွေမှာပါ လာကပ်ကုန်တယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဂုတ်ပိုးနေရာကို ကြောင်တစ်ကောင်ဖမ်းသလို လက်နဲ့အုပ်ကိုင်လိုက်ပြီး အပေါ်ရောက်နေတဲ့ရှောင်းကျန့်ရဲ့ခေါင်းကို လက်မောင်းကြားကို ပြန်လျှောချပေးလိုက်တယ်၊ Dryer အသံပြန်ထွက်လာပြီးသိပ်မကြာဘူး၊ ရှောင်းကျန့်ကအပေါ်တိုးသွားပြန်တယ်၊ ဝမ်ရိပေါ်ရဲ့နားရွက်နားကပ်ပြီး ပါးစပ်ကနေလည်းပွစိပွစိလုပ်နေသေးတာမို့ တစ်ခုခုကိုမကျေနပ်ကြောင်း ပြောနေတဲ့အတိုင်းပဲ။

ဝမ်ရိပေါ်လည်းဇဝေဇဝါဖြစ်သွားပြီး Dryer ကိုင်ထားတဲ့လက်ကို ရှောင်းကျန့်ရဲ့ဝေးရာဘက်ကို ရွေ့ကြည့်လိုက်တယ်၊ အဲ့ဒီတော့မှရှောင်းကျန့်ကငြိမ်ကျသွားတယ်၊ ရှောင်းကျန့်ရဲ့ဒီလိုမျိုးနူးညံ့နေတဲ့ပုံလေးက ဝမ်ရိပေါ်ရဲ့စိတ်ကိုအများကြီးပျော့ပျောင်းစေပြီး အလိုလိုက်ချင်စိတ်တွေပါ ဖြစ်လာစေတယ်၊ ဒါကြောင့် ရှောင်းကျန့်ကိုလက်မောင်းကြားကိုပြန်ဆွဲမချတော့ပဲ၊ သူ့နေချင်တဲ့အတိုင်း ထားပေးထားလိုက်တယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now