40

7.7K 1K 107
                                    

အပိုင်း - ၄၀ -

ပူလောင်ပြင်းပြတဲ့ကိစ္စတွေရဲ့အဆုံးမှာတော့ ကြွေရေချိုးကန်ထဲက ဆပ်ပြာအမြုပ်တွေက နှစ်ယောက်လုံးရဲ့ကိုယ်မှာ ပေကျံသွားတယ်။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကိုပေါင်ပေါ်မှာတင်ထားဆဲပါ၊ မျက်နှာကျက်မှာချိတ်ဆွဲထားတဲ့ မီးဆိုင်းကကျလာတဲ့အလင်းရောင်က ရှောင်းကျန့်ရဲ့လှပတဲ့မျက်နှာကအစိတ်အပိုင်းတချို့ပေါ်မှာ အရိပ်ကျနေတယ်၊ မျက်တောင်ရှည်တွေက ရေစိုနေတာကြောင့်အစုလိုက်လေးတွေဖြစ်ကာ ကပ်နေကြပြီး၊ ရဲရဲနီနေတဲ့မျက်ဝန်းထောင့်မှာတော့ မျက်ရည်စက်လေးတွေတွဲခိုနေဆဲပါ။

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုလည်တိုင်ကနေဆွဲချပြီး နီရဲနေတဲ့နှုတ်ခမ်းပါးတွေကို စုပ်ယူနမ်းရှိုက်တယ်၊ မျက်ရည်နဲ့မျက်နှာကချွေးစတွေကိုတော့ လက်မနဲ့ပွတ်သပ်ကာဖယ်ရှာပေးလိုက်ပြီး ရှောင်းကျန့်ကိုပြုံးတုံ့တုံ့နဲ့ကြည့်နေတယ်၊ အဲ့ဒီနောက်မှာတော့ ရှောင်းကျန့်ရဲ့နားရွက်နားအထိတိုးကပ်လာပြီး သြရှရှအသံနဲ့ပြောလာတယ်။

"အင်း.. ကြိုက်တယ်"

ဝမ်ရိပေါ်က သူ့ရဲ့အေးစက်စက်နှုတ်ခမ်းတွေနဲ့ ရှောင်းကျန့်ရဲ့နားရွက်ဖျားလေးကို ပွတ်သီးပွတ်သပ်လုပ်နေရင်း ဆက်ပြောတယ်။

"မင်းရဲ့အထိန်းအကွပ်မဲ့နေတဲ့ပုံစံကအရမ်းလှတယ်"

လူခြင်းတူနေပေမဲ့ ရလာတဲ့ခံစားချက်တွေကကွဲပြားနေတာတော့ငြင်းမရဘူး။

ဒါပေမဲ့ ဝမ်ရိပေါ်ဆီကထွက်လာတဲ့ ခပ်သဲ့သဲ့ရယ်သံနဲ့ ရှူထုတ်လိုက်တဲ့လေပူတချို့က ရှောင်းကျန့်ရဲ့နားရွက်နားတစ်ဝိုက်ကို ငှက်မွေးလေးနဲ့တို့နေသလိုမျိုး ယားယံသွားအောင်လုပ်နိုင်တုန်းပါပဲ။

ရှောင်းကျန့် နှုတ်ခမ်းလေးတွန့်ရုံသာပြုံးလိုက်တယ်။

ခံစားချက်တစ်ခုခုရှိနေတာက ဘာမှမရှိတာထက်စာရင်တော့ တော်သေးတယ်မလား။

ပြောပြီးတာနဲ့ ဝမ်ရိပေါ်က သူ့ရဲ့ပစ္စည်းကိုအတွင်းကနေပြန်ဆွဲထုတ်လိုက်တယ်၊ အမှန်တော့ ဝမ်ရိပေါ်က ခပ်ရေးရေးလေးတောင် မှတ်မိမနေဘူး၊ ဒါပေမဲ့ အထူးတလည်သံသယဝင်နေတာမျိုးလည်းမရှိပါဘူး၊ အကြောင်းကတော့ တခြားAlphaရဲ့ အမှတ်အသားရှိနေတဲ့ Omega ကို သူ့လိုလူမျိုးက လက်ခံထားစရာအကြောင်းကိုမရှိဘူးလေ၊ အခုလိုကိစ္စကလည်း လိုနေတဲ့ကွက်လပ်ကို အချင်းချင်းဖြည့်ပေးကြတဲ့သဘောပဲ ချစ်ခင်ကြင်နာနေမှ လုပ်လို့ရတာမျိုးမှမဟုတ်တာ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now