37

6.6K 1K 79
                                    

အပိုင်း - ၃၇ -

ဒေါက်တာချောင်ရဲ့အပြောအရတော့ ဝမ်ရိပေါ်ရဲ့အခြေအနေက အသက်အန္တရာယ်ကိုကျော်နိုင်သွားပါပြီတဲ့။

ဒါပေမဲ့ ရှောင်းကျန့်ဘာမှဆက်မမေးမိဘူး၊ လူနာကိုခွဲခန်းထဲကတွန်းထုတ်လာကတည်းက ရှောင်းကျန့်စကားတစ်ခွန်းမှ ထပ်မပြောတော့ဘူး၊ အဆိုးဆုံးအခြေအနေက ကိုမာဝင်တဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာကို ရှောင်းကျန့်မမေးလည်းသိနေပြီးသားလေ။

သူမမေးပေမဲ့ ဒေါက်တာချောင်ကလည်းပြောတယ်၊ သူနာပြုဆရာမကလည်းပြောတယ်၊ လာစောင့်ပေးတဲ့သက်တော်စောင့်တွေကတည်း တီးတိုးပြောနေကြတာမို့ ဒီလိုခေါင်းတရမ်းရမ်းနဲ့ သက်ပြင်းချပြီး ပြောလာမဲ့စကားတွေက ရှောင်းကျန့်အတွက် ထမင်းလုံးတစ္ဆေခြောက်နေသလို ထိတ်လန့်စရာကောင်းလွန်းတယ်၊ ရှောင်းကျန့်တကယ်ခံနိုင်ရည်မရှိတော့တာမို့ မကြားချင်တော့ဘူး။

ရှောင်းကျန့်ကုတင်ဘေးမှာဝင်ထိုင်ပြီး ဝမ်ရိပေါ်ရဲ့မျက်နှာနုနုလေးနဲ့ လက်ချောင်းတွေကို အဖိုးတန်အရာတစ်ခုလို ရေနွေးဝတ်လေးနဲ့ တယုတယသုတ်ပေးတယ်၊ အမှန်တိုင်းဝန်ခံရရင် ဝမ်ရိပေါ်ရဲ့လက်ချောင်းတွေကို ရှောင်းကျန့်ကတစ်ခါမှသတိထားပြီး မကြည့်ခဲ့ဖူးဘူး။

ဝမ်ရိပေါ်ရဲ့လက်ဆစ်တွေကထင်ရှားပြီး လက်ချောင်းတစ်ချောင်းချင်းစီက သိသိသာသာရှည်လျှားတယ်၊ ကျယ်ပြန့်တဲ့လက်ဖဝါးတွေမှာတော့ နှစ်ပေါင်းများစွာဓားကိုကျွမ်းကျင်စွာသုံးခဲ့သူပီပီ အမာရွတ်နဲ့ အသားမာတွေရှိနေတယ်၊ လက်ဖမိုးနေရာမှာယှက်ဖြာနေတဲ့ ကြီးမားတဲ့အကြောစိမ်းစိမ်းတွေကတော့ ဆောင်းတွင်းမှာ အရွက်တွေကြွေကျကုန်တဲ့ ချယ်ရီပင်ရဲ့အကိုင်းအခက်တွေလိုပဲ။

ခွဲခန်းကထွက်လာခါစမို့ လူနာကိုအဝတ်အစားမဝတ်ထားပေးဘူး၊ ဒါကြောင့် ကျယ်ပြန့်တဲ့ရင်ဘက်နေရာအနှံ့က ထုရိုက်ခံရလို့ ညိုမဲစွဲနေတဲ့နေရာတွေကို ဒဏ်ရာအမာရွတ်အဟောင်းတွေရဲ့အပေါ်မှာ အတိုင်းသားမြင်နေရတယ်၊ ဒါတွေကိုမြင်လိုက်တာနဲ့တင် ကြားနာမှုလုပ်တုန်းက ဘယ်လောက်တောင်နှိပ်စက်ခံခဲ့ရမလဲဆိုတာကို ရှောင်းကျန့်မှန်းလို့ရနေပါပြီ။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now