15

8.9K 1.2K 161
                                    

အပိုင်း - ၁၅ -

လှပတဲ့မျက်ဝန်းတွေကနေ တစ်ပေါက်ချင်း စီးကျလာတဲ့မျက်ရည်ဥတွေကိုကြည့်ရင်း ဝမ်ရိပေါ် ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတယ်။

ရှောင်းကျန့်ကမေးနေပြီ။
သူဘယ်လိုများမေ့ရက်တာလဲတဲ့?

ဒါပေမဲ့ ရှောင်းကျန့်ပြောတာတွေ မှတ်ဉာဏ်ထဲမှာရှိမနေတဲ့ဝမ်ရိပေါ်အတွက်ကတော့ ကန္တာရထဲမှာအိုအေစစ်လိုက်ရှာရင်း လမ်းပျောက်နေတဲ့သူလိုဖြစ်နေတယ်။

ဝမ်ရိပေါ်ရဲ့လက်တွေက ပူနွေးတဲ့မျက်ရည်တွေကြောင့်စိုစွတ်နေခဲ့ပြီ၊ ရှောင်းကျန့်ရဲ့မျက်ရည်တွေက သူ့ကိုတအားစိတ်ရှုပ်ထွေးစေတယ်၊ ရှောင်းကျန့်ငိုတာကိုသူမကြိုက်ဘူး၊ မငိုစေချင်ဘူး၊ အခုက လိပ်ပြာလေးတွေလည်းရှိမနေဘူးလေ၊ သူဘယ်လိုလုပ်ပေးရမလဲမသိတာမို့ အကူအညီမဲ့နေသလိုခံစားရပြီး ငိုနေတဲ့ရှောင်းကျန့်ထက်တောင် ပိုဝမ်းနည်းလာတယ်။

"အိုယဘွန်း.."

ရှောင်းကျန့်က ခေါင်းငုံထားပြီး အသံတိတ်ငိုနေတာဖြစ်ပြီး ကိုယ်ကလည်းတသိမ့်သိမ့်တုန်နေရှာတယ်။

ဝမ်ရိပေါ်မှတ်မိနေတာက စတွေ့တဲ့နေ့ကစပြီးသူ့အသက် ၁၁နှစ်အထိပဲရှိတာ၊ ရှောင်းကျန့်က သိပါ့မလားဆိုတာတော့မသေချာပေမဲ့ မှောင်မှောင်မဲမဲနောက်ဖေးလမ်းကြားကနေစပြီး၊ လေ့ကျင့်ရေးလုပ်ရတဲ့ သတ်ကွင်းထဲပို့လိုက်တဲ့အထိ ဝမ်ရိပေါ်ရဲ့မျက်လုံးထဲမှာ ရှောင်းကျန့်တစ်ယောက်ပဲရှိတယ်၊ ဒုတိယထပ်ကလသာဆောင်ကို လှမ်းမျှော်ကြည့်ရင်း၊ အိပ်ရာဘေးမှာထိုင်ငေးနေရင်း၊ အနောက်မှာထပ်ကြပ်မကွာရှိနေရင်း ဒီအမျိုးသားကိုပဲအမြဲကြည့်နေခဲ့တာပါ။

ဝမ်ရိပေါ်က ငိုထားတာကြောင့်နီစွေးနေတဲ့ရှောင်းကျန့်ရဲ့မျက်နှာကို အသာအယာဆွဲမော့လိုက်တယ်၊ မေးဖျားမှာတွဲခိုနေတဲ့မျက်ရည်စတွေက တံစက်မြိတ်မှာမြင်ရနေကျဖြစ်တဲ့ မိုးစက်လေးတွေအလားပဲ၊ ခိုလေးတွေရဲ့အမြီးလို လှပတဲ့အဆုံးသတ်ရှိတဲ့ မျက်ဝန်းထောင့်လေးတွေကလည်း ခပ်ရဲရဲဖြစ်ကြနေပြီး၊ ရှည်လျားတဲ့မျက်တောင်ဖျားတွေကတော့ နံနက်ခင်းရဲ့နှင်းစိုနေတဲ့ပန်းပွင့်ဖတ်လေးတွေလို အချင်းချင်းပူးကပ်နေကြတယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now