27

8K 1.2K 144
                                    

အပိုင်း - ၂၇ -

ဝမ်ရိပေါ်ဆီအတင်းတွယ်ကပ်နေသလိုဖြစ်နေမှန်း ရှောင်းကျန့်ကိုယ်တိုင်လည်းသိပါတယ်။

Heat ဝင်နေတဲ့အချိန်မှာ ရှောင်းကျန့်ရဲ့စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲက သိပ်ကိုပြင်းထန်တတ်တယ်၊ ဒီလိုအချိန်မျိုးဆို အကူအညီမဲ့ပြီးအားနည်းနေသလိုခံစားရတယ်၊ ကိစ္စသေးသေးလေးကိုတောင် အကြီးအကျယ်တွေးပြီး ကြောက်နေတတ်တာမျိုးပါ။

ဒီလိုအချိန်မှာသူတောင့်တနေတာကတစ်ခုပဲရှိတယ်၊ အဲ့ဒါက ဝမ်ရိပေါ်ပဲ။

ပွတ်သီးပွတ်သပ်လုပ်တတ်တဲ့ ကြောင်လေးတစ်ကောင်လိုပဲ ဝမ်ရိပေါ်ဆီမှာကပ်နေရင်း ဝမ်ရိပေါ် ပေးလာတဲ့အနွေးဓာတ်ကိုလိုချင်တယ်၊ သူ့ကိုတင်းတင်းကြပ်ကြပ်လေးဖက်ထားပြီး ချော့မြှူပေးစေချင်တယ်၊ အဲ့လိုပုံစံမျိုးနဲ့သာဆိုရင် ရှောင်းကျန့်ကမလှုပ်မရှားပဲအသံလေးတိတ်ပြီး ငြိမ်လေးနေရလည်း အဆင်ပြေတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ငုံ့ကြည့်ပြီးထနိုင်လားမေးတယ်၊ တစ်ခုခုစားမလားမေးတယ်၊ ရှောင်းကျန့် ခေါင်းခါပြလိုက်တယ်၊ ဝမ်ရိပေါ်ဘာမေးမေး ရှောင်းကျန့်ကခေါင်းခါတာတစ်ခုပဲ လုပ်တတ်တော့တယ်။

ဝမ်ရိပေါ်လည်း ဘာမှထပ်မမေးတော့ပဲရှောင်းကျန့်ကိုဖက်ထားပြီးထိုင်နေတယ်၊ ဝမ်ရိပေါ်က ငြိမ်နေတော့ ရှောင်းကျန့်က သူ့အင်္ကျီကိုဆွဲပြန်တယ်၊ ဝမ်ရိပေါ်ကဇဝေဇဝါဖြစ်သွားပုံရပြီး ရှောင်းကျန့်ကိုထုတ်မေးလာတယ်။

"ဘာပြောချင်လို့လဲ?"

အတူတူရှိလာခဲ့တဲ့ ဒီ ၁၁ နှစ်ကျော်ကာလမှာ သူတို့နှစ်ယောက်မှာ ရှောင်းကျန့်ကသာ စကားလုံးရေများများသုံးပြီး ပြောဖြစ်ခဲ့တာပါ၊ ပြီးတော့ အများစုသောစကားတွေအတွက်လည်း ဝမ်ရိပေါ်ဆီက တုံ့ပြန်မှုတစ်စုံတရာ မဖြစ်မနေ လိုအပ်နေတာမျိုးမရှိခဲ့ဘူး။

ဝမ်ရိပေါ်ကတော့ သူ့အိပ်ရာပေါ်မှာထိုင်နေရင်း ပစ္စတိုကိုအဖြုတ်အတပ်လုပ်နေတာမျိုး၊ ခြံထဲမှာဖြန်းနေတဲ့ ရေစက်တွေကို လှမ်းကြည့်နေတာမျိုး၊ ဒါမှမဟုတ်လဲ ရှောင်းကျန့်ကို အမူအယာကင်းတဲ့မျက်နှာသေနဲ့ ပြန်ကြည့်လာတာမျိုး စသဖြင့် သူ့နည်းသူ့ဟန်အတိုင်း ဆက်သွယ်ပြောဆိုတာမျိုးပဲလုပ်ခဲ့တယ်၊ တစ်ခါတလေပြောထွက်လာတဲ့စကားတွေရှိပေမဲ့ ခပ်တိုးတိုးပြောတာမျိုးဆိုရင် မနည်းနားစိုက်ထောင်တာတောင် မသိလိုက်တာမျိုးရှိတတ်တယ်။

𝐖𝐎𝐋𝐅 𝐊𝐈𝐍𝐆  •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now