Part { 1 }

3K 45 1
                                    


" ဟဲ့ ရူ့မငြီး ညည်းအခုထိပြင်လို့ဆင်လို့မပြီးသေးဘူးလား
တကယ်တည်းအေ မနေ့ညတည်းကကြိုပြောထားတာကို
ခုချိန်ထိကိုဘာမှအဆင်သင့်မဖြစ်ကြသေးဘူး! "

ဆင်ခြေဖုံးရပ်ကွက်ငယ်လေးတခုက ဟောင်းနွမ်းစုတ်ပြတ်
နေတဲ့အိမ်အိုဟောင်းလေးအတွင်းမှာ ဒေါ်ရိုစီရဲ့စိတ်မရှည်
တဲ့ညည်းညူသံကိုအတိုင်းသားကြားနေရတာဖြစ်တယ်။

" ပြီးပါပြီအမေရယ် ဟိုရောက်ရင်သမီးကိုအထင်သေးတဲ့
မျက်လုံးတွေနဲ့ကြည့်ကြမှာဆိုးလို့သေချာပြင်ဆင်နေတာပါ !"

"အေးပါ ငါကဒီရပ်ကွက်ထဲမှာကြာကြာနေချင်တာမဟုတ်
ဘူး! ပြီးတော့ဒီလိုစုတ်ပြတ်နေတဲ့အိမ်မျိုးမှာခြေချထားရတာအတော်အော်ကလီဆန်နေပြီ !"

မိခင်ဖြစ်သူရဲ့စကားကို ရူးမငြီးရင်နာနာနဲ့ပြုံးမိတယ်။
ဟုတ်တယ်၊ ဒီလိုဆင်းရဲချို့တဲ့ပြီးစုတ်ပြတ်နံစော်နေတဲ့
အိမ်အိုဟောင်းလေးက သူမတို့မွေးကတည်းကနားခိုရာ
ဘုံနန်းတခုဖြစ်ခဲ့လို့ပါပဲ။

သူမကဒီလိုနေရာမျိုးမှာနေရတာအရမ်းရွံမုန်းတယ်၊
ပြီးတော့ဒီလိုနေရာမျိုးက ရုန်းထွက်နိုင်မယ့်နည်းလမ်း
မျိုးစုံကိုစဉ်းစားခဲ့ဖူးတယ်၊ အဲ့တာကသူမဘဝကိုစတေး
ဆိုရင်တောင် ဒီထက်အဆတစ်ရာသာတဲ့နေရာမျိုးမှာ
နေရမယ်ဆိုရင် စတေးဖို့အသင့်ဖြစ်နေတဲ့အထိပါပဲ ။

သူမရဲ့အကိုကတော့အဲ့လိုမဟုတ်ဘူး၊သူကဒီလိုစုတ်ပြတ်
နေတဲ့နေရာကို အဖေခေါင်းချသွားတဲ့နေရာဖြစ်လို့ဆိုပြီး
သိပ်ကိုတွယ်တာသတဲ့၊ ဟက် အတော်ရီရသားပဲအကိုက
အဖေ့လိုအရက်နွံထဲနစ်ပြီး မိသားစုတာဝန်ကိုဘာမှကျေ
ပွန်အောင်မထမ်းဆောင်နိုင်ခဲ့တဲ့သူမျိုးကိုတွယ်တာသတဲ့။

သူမကတော့အဲ့လိုမဟုတ်ဘူး၊ အမေ့သွေးအပြည့်ပါလို့
ထင်ပါ့ လူမှန်းသိတတ်စအရွယ်ထဲကအရမ်းချမ်းသာချင်
တာ၊ ပြီးတော့အားလုံးကမော်ကြည့်ပြီးသူမကိုဦးညွှတ်နေ
ကြတာကိုပဲလိုချင်ခဲ့တာ၊ ဟက်သူမကအမေ့သွေးအပြည့်
ဆိုတာ ညာနေစရာတောင်မလိုပါဘူး၊ သူမအမေကလည်း
သူ့ဘဝကြီးပွားချမ်းသာဖို့အတွက် မိသားစုကိုတောင်စွန့်
ပစ်သွားခဲ့တာပဲလေ၊ ဒါပေမယ့်သူမ အမေ့ကို မမုန်းခဲ့ဘူး၊
ဘာဖြစ်လို့လဲဆိုတော့ ဒီလိုစုတ်ပြတ်နေတဲ့နေရာမျိုးမှာ
အချစ်တခုတည်းကိုးကွယ်ပြီးဘယ်သူကသာယာနေနိုင်
မလဲ၊ ငွေမရှိရင်လူတွေရဲ့ကဲ့ရဲ့တဲ့ဒဏ် နှိမ့်ချဆက်ဆံတဲ့
ဒဏ်ကိုသူမကောင်းကောင်းသိတယ်၊ ဒါကြောင့်သူမလည်း
အမေ့လိုမျိုး ကိုယ့်ဘဝတိုးတတ်ဖို့အတွက်ကုတ်တွယ်စရာ
ရှိခဲ့ရင် အဲ့အရာကိုလက်မလွှတ်တမ်းဖမ်းဆုပ်ထားမိမှာ ...

မင်းစေညွှန်ရာWhere stories live. Discover now