ဆောင်းရှက်ရှက်နဲ့ကုတင်ပေါ်ကိုပြေးတတ်လာခဲ့တာ
ဟိုလူ့အတွက်တောင်အိပ်ယာခင်းတွေထုတ်မပေးခဲ့ရဘူး ။မဖြစ်သေးပါဘူး ဖေဖေပြန်လာရင်ဧည့်သည်ကိုဒီတိုင်း
ကြမ်းပြင်မှာအိပ်ခိုင်းထားတာမြင်ရင် စိတ်မကောင်းဖြစ်နေ
ပါအုံးမယ်။ဆောင်းအတွေးနဲ့အတူအိပ်ယာထက်က အသာပြန်ထပြီး
ဟိုလူအိပ်ဖို့တွက်အိပ်ယာခင်းအသစ်တစ်စုံကို ဗီဒိုထဲက
သွားထုတ်လာခဲ့တယ်။" အမလေး !!"
" ဟာ ကိုယ်ဘာလုပ်ရသေးလို့လဲဆောင်းရာ အမြဲတမ်း
လန့်နေတော့တာပဲ "ရှေ့မှာအိပ်ယာခင်းထုတ်အပြီး နောက်ကိုပြန်လှည့်လိုက်တော့ ဆောင်းရဲ့နောက်မှာလက်ပိုက်ပြီးရပ်ကြည့်နေတဲ့သူ့ကို ရုတ်တရက်တွေ့လိုက်ရတာမို့လန့်သွားတယ်။
" မဟုတ်ပါဘူး မာန်ကဘယ်တုန်းကနောက်ကိုရောက်နေတာလဲ "
" အာ အခုလေးတင်ရောက်တာ ဆောင်းဘာလုပ်နေတာလဲမသိလို့ ဒီတိုင်းရပ်ကြည့်နေလိုက်တာ "
" သြော် ဒီမှာမာန့်တွက်အိပ်ယာခင်းထုတ်ပေးနေတာ "
ဆောင်းသူ့ကိုစကားပြောနေရင်း မျက်လုံးချင်းစုံမကြည့်ရဲ
တာမို့ မျက်လွှာလေးကိုအောက်ဘက်ရွေ့လိုက်တယ်။ဒါကပိုဆိုးသွားပြီလားမသိဘူး ။ ရေသီးရေစက်လေးတွေ တလှိမ့်လှိမ့်ကျဆင်းနေတဲ့ရင်အုပ်ကျယ်ကျယ်တွေနဲ့
ကျစ်လစ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတာမို့ဆောင်းရဲ့ပါးပြင်လေးနှစ်ဖက်ဟာ အပန်းရောင်လေးသန်းသွားခဲ့
တယ်။ သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဆောင်းတို့လိုသေးသေးသွယ်သွယ်လေးမျိုးမဟုတ်ပဲ အားကစားပုံမှန်လုပ်တဲ့သူတွေလိုမျိုး ကျစ်လစ်ပြီးအတော်လေးကြည့်ကောင်းတယ်။ ခါးနေရာကသေးသွားပြီးဝမ်းဗိုက်ကကြွက်သားအမြောင်းလိုက်တွေက မဟေသီတွေစိတ်ကူးထဲက စိတ်ကြိုက်ဆော့ကစားချင်စရာကောင်းတဲ့ပေါင်မုန့်တုံးတွေအလား။
ထပ်ပြီးအောက်ဘက်ဆင်းကြည့်လိုက်တော့ ရေချိုးပြီးခါစ
မို့လို့ထင်တယ် ၊ ရေချိုးခန်းထဲကသဘက်ဖြူတထည်နဲ့
ခါးအောက်ဘက်နားကိုပတ်ဝတ်ထားတယ်။
YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌