Part { 27 }

476 20 4
                                    


" အဖေ! ဆောင်းလာတယ် ~~~ အရမ်းအထီးကျန်နေလား ဟင် ~~~"

" ဒီနေ့က ဆောင်းကိုဒီလူ့လောကထဲ အဖေတို့ခေါ်လာခဲ့တဲ့ ဆောင်းရဲ့မွေးနေ့လေးပါ ဒါပေမယ့်........ဒါပေမယ့်...
အဖေကဒီလူ့လောကကြီးမှာမရှိတော့ဘူးတဲ့ "

" ဒီနေ့ကအဖေမရှိပဲ ကျင်းပရမယ့် ဆောင်းရဲ့ပထမဆုံး
မွေးနေ့တဲ့ ........အဖေက ဆောင်းကိုတယောက်ထဲထားခဲ့ပြီး အေးအေးဆေးဆေးနဲ့ထွက်သွားရက်တယ်နော် ~~"

ဖခင်ဖြစ်သူ ဦးသုခဆောင်းရဲ့အုပ်ဂူလေးထက် လက်လေး
တင်လို့ခပ်တိုးတိုးလေး ဝမ်းနည်းစကားဆိုနေသူရဲ့နောက်
နားနေက မာန်တိတ်တဆိတ်ပဲငေးကြည့်နေမိတယ် ။

" အဖေ အခုဆောင်းဘာဆက်လုပ်ရမလဲ ဟင် ! အဖေက
ဆောင်းကိုပျော်စေချင်တဲ့စိတ်နဲ့ဒုတိယမိသားစုဘဝလေး
ဖန်တီးပေးခဲ့ပေမယ့် အဲ့ဒီမိသားစုဆိုတဲ့သူတွေကပဲနောက်ကျောကဓားနဲ့ထိုးနေကြတယ် ဟင့် !"

ပြောနေရင်းရှိုက်သံတိုးတိုးလေးထွက်လာသည်မို့ မာန်
အလိုက်သင့်ပဲ ကျောလေးပုတ်ပေးမိတယ် ။

" အဖေသိလား ဆောင်းက ဆောင်းကလေ ကျန်တာဘာမှလိုချင်ခဲ့တာမဟုတ်ပါဘူး ဟင့် ! အဖေပျော်နေတာပဲ
အဖေကြည်နူးနေတာလေးပဲမြင်ချင်ခဲ့တာပါ ဟင့် အင့် !
ဒါပေမယ့် အခုတော့အဖေက အဖေကဆောင်းကိုငဲ့မကြည့်ပဲ အပြီးပိုင်ပျော်ရွှင်ရမယ့်လမ်းကိုရွေးချယ်သွားတယ်နော် ဟင့် ဆောင်းကအခုအဖေတို့မရှိတဲ့လောကကြီးထဲမှာ
တယောက်ထဲနေခဲ့ရတာအဆင်မပြေဘူး အူးဝါးးးးး !!"

အဆက်မပြက်ငိုကြွေးနေသည်မို့ မာန် သူ့ရဲ့ပုခုံးစွန်းနှစ်ဖက်ကိုထိန်းကိုင်လို့ ရင်ခွင်ထဲဆွဲဖက်ထားပေးမိတယ် ။

" အန်ကယ်က ဆောင်းအခုလိုငိုနေတာမြင်ရင်စိတ်ကောင်းမှာမဟုတ်ဘူး ၊ တော်ပြီမငိုနဲ့တော့ ခေါင်းကိုက်နေလိမ့်
မယ် "

" ခင်ဗျားက ဘယ်သူ့မို့ကျွန်တော့်ကိုအမိန်တွေလာပေး
နေတာလဲ !!"

" ............... "

" ကျွန်တော်ဝမ်းနည်းလို့ငိုတာမရဘူးလား ခင်ဗျားဆီက
ခွင့်ပြုချက်ယူရအုံးမှာလား ဟင် ကျွန်တော့်ကိုဟိုဟာမလုပ်
နဲ့ဒီဟာမလုပ်နဲ့လို့ အမိန့်တွေလာပေးရအောင် ခင်ဗျားက
ဘာမို့လို့လဲ !!"

မင်းစေညွှန်ရာHikayelerin yaşadığı yer. Şimdi keşfedin