" ဘာ!! အန်ကယ်ဆုံးပြီ ဟုတ်လားမိအေး! "
" အီးဟီးးးးး ဟုတ်တယ်အကိုလေးစည်သူ အင့်! အဲ့တာ
အကိုလေးဆောင်းက အကိုလေးဆောင်းက သတိမေ့နေ
တာအတော်ကြာပြီလို့ အီးဟီးးးး !"" ဟုတ်ပြီ! ဟုတ်ပြီ! ကိုယ်အခုလာခဲ့မယ်! ဆောင်းကို
သေချာစောင့်ကြည့်ပေးထားပါအုံး !"" အင့်! ဟုတ်ကဲ့အကိုလေး အမြန်လာပါနော် !"
" အင်း !"
နက္ခက် အလုပ်ကိစ္စတချို့ကြောင့် မန္တလေးဘက်ကိုရောက်
နေတာဖြစ်တယ်။ ဒီနေ့မနက် အစည်းဝေးခန်းထဲဝင်ခါနီး
အင်တာနက်ပေါ်ကမြင်လိုက်ရတဲ့ video file ကြောင့်
လူကဒေါသဖြစ်နေရတဲ့အထဲ ရှယ်ယာကိစ္စတွေကပါ
စိတ်တိုင်းမကျသည်မို့ တနေကုန်စိတ်နဲ့လူနဲ့မကပ်ပဲ
ဖြစ်နေတာ၊ အခုရန်ကုန်ကိုပြန်ဖို့လုပ်ခါနီးမှ မိအေးက
ဖုန်းခေါ်လာသည်မို့ ကိုင်လိုက်တော့ အန်ကယ်ဆုံးပြီတဲ့။သူမရှိတဲ့ရက်တိုလေးအတွင်းမှာ ဆောင်းတို့မိသားစု
ဘာတွေများဖြစ်နေကြတာလဲ။ အန်ကယ်ကရောဘယ်လို
ဖြစ်ပြီးဆုံးသွားရတာလဲ၊ ပြီးတော့ ဆောင်းကရောဘယ်လို
ဖြစ်လို့ ဟိုကောင်နဲ့ ကျစ် ! ။ ဆက်မစဉ်းစားချင်တော့ဘူး
ဒီအချိန်ဆောင်းအနားမှာ အကောင်းဆုံးအားပေးဖော်အဖြစ်နဲ့နေနိုင်ဖို့ကအရေးကြီးတယ်၊ အတွေးနဲ့အတူကားကို
အရှိန်မြှင့်လိုက်ပြီး ဆောာင်းရှိတဲ့ရန်ကုန်မြို့ဆီသို့ ~~ ။" ဆောင်းရော "
" အကိုလေးက သတိလစ်နေလို့ အခန်းထဲမှာ "
" အင်း ကျွန်တော်ခဏဝင်ကြည့်လိုက်အုံးမယ် "
" ဟုတ်ကဲ့အကိုလေး ဒါဆိုအန်ကယ့်အတွက်လုပ်စရာ
ရှိသေးလို့ ခွင့်ပြုပါအုံး "" အင်း ကျွန်တော်ပြီးမှလာကူမယ် "
" ရတယ် ရတယ်အကိုလေး အကိုလေးဆောင်းကိုသာ
တချက်လောက်စောင့်ကြည့်ပေးထားပါအုံး ကျုပ်ပြီးရင်
မိအေးနဲ့အိမ်မှာလိုအပ်တာလေးတွေသွားယူချင်လို့ "" ကောင်းပြီ "
ဆေးရုံကုတင်ထက်မှာအိပ်စက်နေတဲ့ချစ်ရသူရဲ့ မျက်နှာ
လေးအကိုအနီးကြည့်ပြီးမာန့်ရင်ထဲအတော်လေးစိတ်မ
ကောင်းဖြစ်မိတယ်။ မျက်ခမ်းစပ်နားက မခြောက်သေးတဲ့
မျက်ရည်စလေးများကို လက်မလေးနဲ့ ခပ်ဖွဖွသုတ်ပေးပြီး
နဖူးလေးကိုအသာနမ်းရှိုက်မိတယ်။

YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌