မာန်တို့ကိုမြင်တာနဲ့မျက်လုံးဝိုင်းလေးတွေနဲ့ပြူးကြောင်
ကြောင်လေးကြည့်နေပုံက တကယ်အသည်းယားဖို့ကောင်းတယ်။ ဟိုကောင်ကာရံပြောတုန်းက အဲ့လောက်လှလိမ့်
မယ်လို့မထင်ထားခဲ့ဘူး ။ ခုသေချာအနီးကပ်လေးမြင်ရမှ
သူအတော်လှမှန်း မာန်အမှတ်ပေးမိတယ် ။ ယောကျာင်္း
လေးတယောက်က အဲ့လောက်လှဖို့လိုလို့လား ။မျက်ခုံးတန်းတန်းလေးတွေရဲ့အောက်မှာ ကော့ဖျာပြီးညွတ်ကျနေတဲ့မျက်တောင်ရှည်ရှည်လေးတွေနဲ့ မျက်လုံးအိမ်
ခပ်ဝိုင်းဝိုင်လေးရယ် အထဲကမျက်ဆံက မာန်တို့လိုအနက်
ရောင်မျိုးမဟုတ်ပဲ ညိုတဲ့ဘက်ကိုသွားနေလို့ သူ့ဖြစ်တည်
မှု့နဲ့သူအတော်လေးကြည့်ကောင်းတဲ့အထဲမှာပါတယ်။
ပါးရိုးလေးတွေက တြိဂံပုံသဏ္ဏန်မျိုးနဲ့ ဘက်ပေါင်းစုံကကြည့်ရင် သုံးဖက်လှမျက်နှာဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားတဲ့သူမျိုး
အသားရည်ကအဖြူဘက်သန်းတယ်ဆိုပေမယ့် တခြားသူ
တွေလိုလုံးဝဖြူစွတ်နေတာမျိုးမဟုတ်ပဲ ရွှေဝါရောင်ပုံစံမျိုးနဲ့အတော်လေးအသားရည်လှတဲ့အထဲမှာလည်းပါတယ်။
ဒါမျိုးကိုမှလှတယ်မပြောရင် ဘယ်လိုလူမျိုးကိုဆိုမလဲ ။" ဘယ်သူလဲ မသိဘူး "
ဟားးး မာန်စိတ်ထဲကနေသာရီချလိုက်တယ် လူလေးလှသလိုမျိုးပဲ အသံလေးပါအတော်ဆွဲဆောင်မှု့ရှိတယ် မာန်လို
အသံသြသြဘက်ကိုမသွားပဲ သူ့အသံလေးကစူးပြီးသာယာတဲ့ဘက်ကိုသွားလို့ ဒီလူအတော်လူဖြစ်ရကျိုး
နပ်နေပြီလို့မာန်ယူဆမိတယ် ။ဆောင်းရှေ့က လူစိမ်းနှစ်ယောက်ကိုတခါမှမမြင်ဖူးသလို
အဲ့ထဲမှာပါတဲ့ အကြည့်စူးစူးနဲ့တယောက်ကဆောင်းကို
စမြင်တည်းက အကြည့်တချက်မလွှဲပဲသေချာစိုက်ကြည့်
နေတာမို့အတော်လေးလန့်မိတယ်။ လူပုံစံကမိုက်ကန်းကန်းခပ်ဂျစ်ဂျစ်စတိုလ်မျိုးနဲ့ ကိုစည်သူလိုလူကြီးလူကောင်းဆန်တဲ့ပုံစံမျိုးမဟုတ်တာသေချာတယ်။ အရပ်ကလည်း
ရှည်လိုက်တာလွန်ပါရော ဆောင်းထက်ခေါင်းတလုံးစာ
ပိုမြင့်နေသလို ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းယောကျာ်း
ပီသတဲ့အထဲမှာပါတာတော့ဝန်ခံပါတယ်။ ဆောင်းတို့လို
ပိန်ပါးပါးခန္ဓာကိုယ်လေးနဲ့ယှဉ်ရင် သူကအတော်လေးကြည့်ကောင်းတဲ့အထဲမှာပါပါတယ်။ မျက်ခုံးထူထူကြီးတွေကို
စုကျုံ့ထားပြီး လူကိုခပ်စူးစူးစိုက်ကြည့်နေပုံကအတော်
လေးစိတ်တိုစရာကောင်းတယ်၊ ဘာလို့အဲ့လောက်ထိ
စိုက်ကြည့်နေတာလဲ ။ စူးရဲတဲ့မျက်ဆံနက်နက်တွေနဲ့
ဖြောင့်တန်းနေတဲ့နှာတံ မထူမပါးနှုတ်ခမ်းတစုံရယ် ဒီလူ
အတော်လေးပြည့်စုံလွန်းပါတယ် ။

YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌