" ကဲ ရောက်ပါပြီဗျာ "
" ဟုတ် ကျေးဇူးပါနော် "
" လိုလို့လားဆောင်းရာ ဒါနဲ့ညနေကိုယ်လာကြိုမယ်နော်
မေဂျာရှေ့ကပဲစောင့်နေ ဟုတ်ပြီလား "" အားမှလာပါအကိုရာ ဆောင်းတွက်အချိန်တွေအလကား
အကုန်မခံပါနဲ့ "" ဆောင်းကလည်းကွာ ဘာလို့တစိမ်းဆန်ချင်နေတာလဲ
ကိုယ်အရင်ကလဲခုလိုပဲလိုက်ပို့ပေးနေကျပဲကို "" ဒါတော့ ဒါပေါ့အကိုရာ အခုကအကို့မှာအလုပ်ကတဖက်
ဆောင်းတွက်အချိန်ပေးနေရတာတဖက်နဲ့ဆိုတော့ ဟို ~~
ဆောင်းအားနာလို့ပါ "" ကဲ ပြောနေတာတောင် အားနာတဲ့စကားကပါနေသေး
တော်ပြီ ညနေကိုယ်လာကြိုမယ် ဟုတ်ပြီလား "" ဟုတ် ဒါဆိုကားကိုဂရုစိုက်မောင်းအုံးနော်အကို "
" အမိန့်တော်အတိုင်းပါပဲဗျာ ဟားးး!!"
အကို့ကိုနှုတ်ဆက်ပြီးတာနဲ့ကားပေါ်ကဆင်းလိုက်တယ်။
ပြီးတော့အကိုက ကားမှန်ချပြီးလက်ပြနှုတ်ဆက်နေသေး
တာမို့ပြန်နှုတ်ပြီး အကို့ကားလေးကျောင်းဝန်းကထွက်ခွာ
သွားတဲ့အချိန်ထိလိုက်ကြည့်နေမိတယ်။ အကိုကဆောင်း
အပေါ်အရမ်းကောင်းတာသိပေမယ့် ရှု့မငြီးတို့နဲ့နောက်ထပ်စကားမများချင်တော့တာမို့ လိုတာထက်ပိုပြီးနီးနီးကပ်ကပ်မနေဖို့ ဆောင်းဆုံးဖြတ်ချက်ချထားလိုက်။ သူ့စကားကို
နာခံတာမဟုတ်ပေမယ့် ဘာမဟုတ်တဲ့ကိစ္စတွက်နဲ့ အဖေ့
ကိုစိတ်ပူစေမယ့်ကိစ္စမျိုးမဖန်တီးစေချင်လို့ပါ ။" ဘာလဲကျောင်းမတတ်တော့ပဲ ပြန်လိုက်သွားမလို့လား "
အတွေးထဲနစ်မွန်းနေတုန်း ဘေးနားကကပ်ပြီးပြောလိုက်တဲ့စကားသံကြောင့် တချက်တွန့်သွားတယ်။ ဟိုလူပဲ။
" ............. "
" စကားတောင်ပြန်မပြောပါလား ဘာလဲဟိုလူမဟုတ်လို့လား "
" ခင်ဗျားဘာပြောချင်မှန်းမသိပေမယ့် အကိုနဲ့ကျွန်တော့်ကိုသိက္ခာမချပါနဲ့ "
" wow! ထားပါလေ ဒါနဲ့ကိုယ့်နာမည်မိတ်ဆက်ပေးဖူး
သလားလို့ မင်းမေ့သွားတာလား ဒါမှမဟုတ်မေ့ချင်ယောင်ဆောင်နေတာလား "

KAMU SEDANG MEMBACA
မင်းစေညွှန်ရာ
Fantasi⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌