ကျေးဌက်လေးတွေအော်မြည်သံနဲ့အတူ သာယာတဲ့မနက်ခင်းလေးမှာ ဆောင်းတယောက်အိပ်ယာနိုးလာခဲ့တယ် ။
" အင်းးး !"
လက်နှစ်ဖက်ကိုယှက်လို့ အပျင်းကြောလေးဆန့်ပြီး ဒီနေ့
သစ်လေးကိုကြိုဆိုလိုက်တယ်။ ဒီနေ့လည်းလုပ်စရာရှိတာ
လုပ်ပြီး ကျောင်းကိုစောစောသွားအုံးမှပါ။" ဒေါက် ဒေါက် အကိုလေး အကိုလေးဆောင်း နိုးပြီလား"
အတွေးတွေနဲ့အတူအိပ်ယာထက်ကခြေချမိယုံရှိသေး
မိအေးလာနိုးတဲ့အသံကြောင့် တံခါးအရင်ထဖွင့်ပေးလိုက်တယ်။ ဟုတ်သားပဲ မနေ့ညလည်လောက်ကမှ ကိုပေါနဲ့မိအေးတို့ရွာကပြန်ရောက်လာကြတာ။ တော်သေးတယ်
လို့ပြောရမလား ဖေဖေအိမ်မှာမရှိတဲ့အချိန်ဆောင်းတယောက်ထဲ ဟိုသားအမိချယ်လှယ်သမျှခံနေရတာ အခုဆို
ဆောင်းတွက်နဲနဲဖြစ်ဖြစ် အင်အားရှိစေမယ့် ကိုပေါနဲ့မိအေး
တို့ပြန်ရောက်နေပြီဆိုတော့ နဲနဲစိတ်ထဲနေရတာအဆင်ပြေ
သလိုတော့ရှိတယ် ။" နိုးပြီ မိအေး ဘာဖြစ်လို့လဲ!? "
"အော် အောက်မှာအကိုလေးစည်သူရောက်နေတယ်
အကိုလေးဆောင်းကိုလာစောင့်နေတာတဲ့ ကျောင်းကို
လိုက်ပို့မလို့ထင်တယ် "" အာ ဟုတ်သားပဲ အကို့ကိုခဏစောင့်နေဖို့ပြောလိုက်နော် တအောင့်နေရင်ဆင်းလာခဲ့မယ်လို့ "
" ဟုတ်ကဲ့ အကိုလေး အရမ်းလဲရေစိမ်ပြီးချိုးမနေနဲ့အုံးနော် တော်ကြာအအေးမိနေအုံးမယ် "
" ဟုတ်ပါပြီဗျာ "
" ဒါဆိုမိအေး အောက်မှာအကိုလေးစားဖို့ မနက်စာပြင်ထားလိုက်မယ်နော် "
" အင်း အကို့ကိုလည်းမေးလိုက်ပါအုံး ဘာမှစားမလာရင်
တခါတည်းဝင်စားလိုက်ပါလို့ ပြီးတော့သူစားချင်တာရှိရင်
ပြင်ပေးလိုက်ပါအုံး "" စိတ်ချပါအကိုလေးရဲ့ မိအေးသေချာလုပ်ပေးလိုက်ပါမယ် အကိုလေးသာရေသွတ်သွတ်ချိုးအုံး "
" အင်းပါ မိအေးရယ် သွားတော့ "
" ဟုတ် "
မိအေးကအဲ့လိုပဲ ဆောင်းထက်အသက်ငယ်တယ်ဆိုပေ
မယ့်အစစအရာ အမကြီးလို အမေတယောက်လိုပဲ ဆောင်းကိုဆိုရင် စိုးရိန်ပူပန်ပေးတတ်ပြီးဂရုစိုက်တတ်လွန်းတယ်။မိအေးနဲ့ကိုပေါက ဆောင်းငယ်ငယ်လေးထဲက ဒီအိမ်မှာအလုပ်ဝင်နေကြတာဆိုတော့ ပြောမနာဆိုမနာမိသားစုတွေလိုပဲ၊ ဂရုလည်းစိုက်ကြတယ် နွေးနွေးထွေးထွေးနဲ့
ဆောင်းအပေါ်ကိုလည်းအရမ်းကောင်းကြပါတယ်။ အခုလဲ
ဆောင်းကိုသူကဆရာကြီးလုပ်ပြီးသင်ပြနေသေးတာ။ မိအေးအလွန်တော့မဟုတ်ပါဘူး ဆောင်းကရေကိုစိမ်ပြီးချိုးရမှကျေနပ်တာ အအေးကျတော့မခံနိုင်ဘူးလေ ရေချိုးနဲနဲ
ကြာပြီဆိုရင်သိသိသာသာပဲ အဖျားဝင်တော့တာ။
YOU ARE READING
မင်းစေညွှန်ရာ
Fantasy⚠️ ဒီ fic လေးက စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်ပါတယ် ✌️ ⚠️ 18+ ခန်းတွေပါမှာဖြစ်တာမို့ အသက်မပြည့်သေးရင်ဝင်မဖတ်ကြဖို့တောင်းဆိုပါတယ် 👌